မ​လေးဝန်ကြီးချုပ်​ဟောင်းမဟာသီ က အ​မေရိကန်ဖွဲ့လိုက်​သော အင်ဒို-ပစိဖိတ် စီးပွား​ရေးအဖွဲ့ကို ​ဝေဖန်

0
145

မ​လေးဝန်ကြီးချုပ်​ဟောင်းမဟာသီ က အ​မေရိကန်ဖွဲ့လိုက်​သော အင်ဒို-ပစိဖိတ် စီးပွား​ရေးအဖွဲ့ကို ​ဝေဖန်

တိုကျို၊မေ ၂၇
မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သူ မစ္စတာ မဟာသီယာမိုဟာမက် က အမေရိကန်ဦးဆောင်သော စီးပွားရေးအုပ်စုသစ်ဖွဲ့စည်းမှုကို ဝေဖန်လိုက်သည်။အ​ကြောင်းမှာ ထိုအဖွဲ့တွင် တရုတ်နိုင်ငံအား ချန်လှပ်မည်ဆိုသည့်မူဝါဒ​ကြောင့်ဖြစ်သည်။

တရုတ်မပါဘဲဒေသတွင်းစီးပွားရေးတိုးတက်မှုမရှိနိုင်ကြောင်းသူကပြောကြားခဲ့သည်။

ယခုပတ်အစောပိုင်းတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် က နိုင်ငံပေါင်း ၁၃ နိုင်ငံပါဝင်သော အင်ဒို – ပစိဖိတ်ဒေသ စီးပွားရေး အဖွဲ့ကိုဖွဲ့လိုက်သည်။ အမေရိကန်နှင့် အာဆီယံတို့ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်နိုင်ရန်ဟုလည်း ဘိုင်ဒင်ကဆိုခဲ့သည်။ အထူးသဖြင့် ကုန်စည်စီးဆင်းရေးလုံခြုံမှု၊ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၊ဖွံ့ဖြိုးမြဲစွမ်းအင်နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့အတွက်ပိုမိုအထောက်ကူပြု​စေရန်ဖြစ်သည်။

“အမေရိကန်အနေနဲ့ တရုတ်ကိုချန်လှပ်ထားနိုင်ဖို့ အခုလို အဖွဲ့တွေဖွဲ့ပြီး အမြဲအသုံးချ​လေ့ရှိတယ်” ဟုလည်း မဟာသီက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ​မေ ၂၇ ကကျင်းပသည့် နိုင်ငံတကာညီလာခံ(အာရှအနာဂတ် ညီလာခံ)တွင်ပြောခဲ့သည်။

“နိုင်ငံအတော်များများကလည်း ဒါဟာစီးပွားရေးအုပ်စုမဟုတ်ပဲ နိုင်ငံရေးအရစုဖွဲ့ခြင်းတစ်မျိုးလို့ပဲ သိထားကြတာပါပဲ။”

“ပါဝင်လက်မှတ်ထိုးကြတဲ့နိုင်ငံတွေက ဩစတေးလျ၊ဘရူနိုင်း၊အိန္ဒိယ၊အင်ဒိုနီးရှား၊ဂျပန်၊မလေးရှား၊နယူးဇီလန်၊ဖိလစ်ပိုင်၊စင်္ကာပူ၊တောင်ကိုရီးယား၊ထိုင်း၊အမေရိကန်နဲ့ဗီယက်နမ်နိုင်ငံ‌ စတာတွေဖြစ်ကြပြီး ခုလိုအတူပူးပေါင်းဆောင်ရွက်တာက ကမ္ဘာ့ GDP ရဲ့ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်လို့ဆိုကြပါတယ်။တကယ်တမ်းကျ အဲ့လိုလုပ်တာဟာ အဲ့ဒီနိုင်ငံတွေရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်မကောင်းပါဘူး” ဟုလည်း မဟာသီ က အဖွဲ့ဝင်နိုင်ငံများအား ပြောခဲ့သည်။

ထို့ပြင် “တရုတ်ဟာ မလေးရဲ့အဓိကစီးပွားရေးမိတ်ဖက်ပဲ၊ကျွန်‌တော်တို့ဟာတရုတ်နဲ့ဘယ်လိုသော တင်းမာမှုနဲ့ပဋိပက္ခမျိုးကိုမှမလိုချင်ပါဘူး၊ပြီးတော့ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်ကနိုင်ငံတော်တော်များများထက် ပိုချမ်းသာတဲ့တရုတ်နိုင်ငံနဲ့အတူယှဉ်တွဲ နေထိုင်ရမှာပဲ၊တရုတ်ဆိုတာပျောက်ပျက်သွားမှာမဟုတ်ဘူးဆိုတာကို အမေရိကန်လဲသဘောပေါက်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟုဆိုခဲ့သည်။

အသက် ၉၆ နှစ်ရှိပြီဖြစ်သော မဟာသီသည် မလေးရှား၏ သတ္တမမြောက် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ်တာဝန်ကို ​လေးကြိမ်တာဝန်ယူဖူးသည့် သမ္ဘာရင့် နိုင်ငံ​ရေးသမားဖြစ်သည်။

Source – AP/ng

 


LEAVE A REPLY

Please enter your comment!
Please enter your name here