မိမိကိုယ်မိမိကာကွယ်ရန် နိုင်ငံသားအချို့အား လက်နက်ကိုင်ဆောင်ခွင့်ပြုသင့်ကြောင်း ဒေါ်နယ်ထရမ့်ကပြောကြား

0
48

မိမိကိုယ်မိမိကာကွယ်ရန် နိုင်ငံသားအချို့အား လက်နက်ကိုင်ဆောင်ခွင့်ပြုသင့်ကြောင်း ဒေါ်နယ်ထရမ့်ကပြောကြား

ဟူစတွန်၊ မေ ၂၈

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သေနတ်သမားတစ်ဦးကြောင့် တက္ကဆက်တွင် ဆရာမနှစ်ဦးနှင့် ကလေး ၁၉ဦး သေဆုံးခဲ့သည့် အစုအပြုံလိုက်လူသတ်မှုဖြစ်ရပ်သည် လက်နက်ကိုင်ဆောင်ခွင့်ရုတ်သိမ်းရန် မဟုတ်ဘဲ မိမိကိုယ်ကိုကာကွယ်ရန် လက်နက်ကိုင်ဆောင်ခွင့်ပေးသင့်သည့် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း ပြောသည်။

အမျိုးသား ရိုင်ဖယ် အသင်း (NRA)၏ နှစ်ပတ်လည် အစည်းဝေး၌ မိန့်ခွန်းပြောကြားစဉ်တွင် ထရမ့်က သေနတ်ကိုင်ဆောင်ရန် သင့်လျော်သည့် အမေရိကန်များအား ၎င်းတို့ကိုယ်တိုင် ကာကွယ်နိုင်ရန် လိုအပ်သည့်သေနတ်များအား ကိုင်ဆောင်ခွင့်ပြုသင့်ကြောင်း ပြောခဲ့သည်။

“ဒုစရိုက်မှုတွေ ရှိနေခြင်း​ဟာ တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေကို လက်နက်ကိုင်ဆောင်ခွင့်ပေးဖို့ အကောင်းဆုံး အကြောင်းရင်းတစ်ခုပါပဲ” ဟု တက္ကဆက် ပြည်နယ်ရှိဟူစတွန်တွင် ကျင်းပသည့်လူပေါင်း နှစ်ထောင်နီးပါး တက်ရောက်ခဲ့သည့် အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရမ့်က ကျောင်းတိုင်းတွင် ဝင်ပေါက်တစ်ခုတည်းသာ ထားရှိသင့်ကြောင်း၊ ခိုင်ခံသည့် ခြံစည်းရိုး၊ သတ္တု ရှာဖွေရေးကိရိယာ အပါအဝင် ရဲအရာရှိတစ်ဦး သို့မဟုတ် လက်နက်ကိုင်ဆောင်ထားသည့် အစောင့်တစ်ဦး ထားရှိသင့်ကြောင်းတို့ကိုအကြံပြု ခဲ့သည်။

ထရမ့်က “ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ ငွေကအဓိက မဟုတ်ပဲ လုပ်ချင်စိတ်ရှိဖို့ကသာ အရေးကြီးသာပါ။ အမေရိကန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၀ ကူညီနိုင်ရင် ဒီကိစ္စကိုလည်း လုပ်ကိုလုပ်နိုင်ရမယ်”လို့ ဆိုသည်။

“ရှေးဆိုရိုးအတိုင်း သေနတ်ကိုင်တဲ့လူဆိုးကို တားဖို့ တစ်ခုတည်းသောနည်းလမ်းက သေနတ်ကိုင်ထားတဲ့ လူကောင်းတစ်ဦးဖြစ်​နေဖို့ပါ”ဟု
ထရမ့် ကထပ်​လောင်း ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အ​မေရိကန်တွင် ပစ်ခတ်မူ​ပေါင်း ၂၁၄ မူဖြစ်ပွားခဲ့သည်။

Source: Wionews


LEAVE A REPLY

Please enter your comment!
Please enter your name here