စားအုန်းဆီအား ပြည်တွင်းစျေးကွက်၌ စျေးကစားရန်ရည်ရွယ်လျက်ဖြင့် သိုလှောင်ထားပါက အရေးယူမည်

0
114

စားအုန်းဆီအား ပြည်တွင်းစျေးကွက်၌ စျေးကစားရန်ရည်ရွယ်လျက်ဖြင့် သိုလှောင်ထားပါက အရေးယူမည်

ပြည်တွင်းစားအုန်းဆီစျေးကွက်အတွင်း စားအုန်း ဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့်မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်း ဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအား ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

အလားတူ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့၌ ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအား နေ့စဥ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစ ရိတ်များ၊ဘဏ်စရိတ်များအခွန်အခများ ထည့် သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်း ဝယ်ရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအားထုတ်ပြန်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ကြောင့် ယခုအပတ်တွင် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ စားအုန်းဆီ ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများ အပေါ်အခြေခံတွက်ချက်၍ မေ ၃၀ ရက်မှဇွန် ၅ ရက်အထိ ရန်ကုန်အထိုင်ဈေးအား အခြေခံလက် ကားရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီတစ်ပိ ဿာလျှင် ၅၇၂၅ ကျပ်အဖြစ်သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

“အပြင်မှာဝယ်ရတာတော့ စားအုန်းဆီက တစ်ပိဿာကို ၇၀၀၀ ကျော်လောက်ပေးဝယ်နေရတာပဲ အရင်ကထက်အများကြီးစျေးတက်သွားတယ် ပဲဆီဆိုရင်တော့ စျေးကအရင်ကထက် စျေးတွေတက်သွားပြီ တစ်ပိဿာကို ၁၃၀၀၀ လောက်ပေးဝယ်နေရတယ်”ဟုဒဂုံတောင်ပိုင်းနေ အိမ်ရှင်မတစ်ဦးဖြစ်သည့် မဝင်းမာကပြောသည်။

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအား စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့်မြန် မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအ သင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here