ငြိမ်းချမ်းမှုရှိမှသာ ဒေသတည်ဆောက်ရေး၊တိုင်းပြည်တည်ဆောက်ရေးတို့အား ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည်ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)နှင့်တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌပြော

0
84

ငြိမ်းချမ်းမှုရှိမှသာ ဒေသတည်ဆောက်ရေး၊တိုင်းပြည်တည်ဆောက်ရေးတို့အား ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည်ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)နှင့်တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌနှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့တို့ မေ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

“ငြိမ်းချမ်းမှုရှိမှသာ ဒေသတည်ဆောက်ရေး၊တိုင်း ပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့လို အပ်ချက်၊ဒေသခံတိုင်းရင်းသားတွေရဲ့ လိုအပ် ချက်တွေနဲ့ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကစပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားလုပ်ဆောင်သွားဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားသည်။

ထို့ပြင် ဒေသတည်ငြိမ်အေးချမ်းရေး၊ပညာရေး၊ကျန်းမာရေး တို့အားပူးပေါင်းဆောင်ရွက်ကာ ဒေ သခံများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ ပိုမိုအထောက်အကူဖြစ်စေနိုင်မည်ဟု ပြောသည်။

ပြည်သူလူထု၏ ဆန္ဒှဲင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အားအခြေခံသည့် ပြည်ထောင်စုစ နစ်တည်ဆောက်ရေးတို့အား နစက ဥက္ကဋ္ဌမှဆွေး နွေးပြောကြားခဲ့သည်။

အလားတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့အား “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှသဘောတူညီသည်ဟု ပြောကြားသည်။

ထို့နောက် သဘောထားတူညီချက်အမြင်များအား ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုတင်ပြကာ ငြိမ်းချမ်းရေး၊ပညာ ရေး၊ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေးတို့နှင့် ပတ် သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ထို့အတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒု-ဥက္ကဋ္ဌနှင့်အတူ ပြင်ပဆက်ဆံရေးဒုဌာနကြီးမှူးဦးပေါက်အိုက်ကော်နှင့်ပြင်ပဆက်ဆံရေးဌာန၊လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံဦးညီရန်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နစက မှဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဒု-ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့တို့သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here