ကိုထိုက်လင်းဦးမြောင်းမြထောင်သို့ပြောင်းရွေ့ခံရဟုဆို

0
149

ကိုထိုက်လင်းဦးမြောင်းမြထောင်သို့ပြောင်းရွေ့ခံရဟုဆို

ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် ထောင်၂နှစ်ချမှတ်ခံထားရသော မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ဘွဲ့ကြိုပဉ္စမနှစ်ကျောင်းသား ကိုထိုက်လင်းဦး ကို ဟင်္သာတထောင်မှနေ၍ မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု သိရကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂအဖွဲ့က ယနေ့ မေလ ၃၀ရက်တွင် ထုတ်ပြန်အသိပေးသည်။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ဘွဲ့ကြိုပဉ္စမနှစ်ကျောင်းသား ကိုထိုက်လင်းဦး နှင့် ကိုထိုက်လင်းဦး၏မိခင်ဒေါ်သူဇာတင်ဦးတို့သည် ပြီးခဲ့သည့် လအနည်းငယ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်ထောင်တွင်းတရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပြီး၊အဆိုပါ ထောင်တွင်ပင် အကျဉ်းချခံထားရကာ ယခု ထောင်ပြောင်းခြင်းခံလိုက်ရသည်ဟု
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်သမဂ္ဂက ဖော်ပြသည်။

ကိုထိုက်လင်းဦး၏မိခင်ဒေါ်သူဇာတင်ဦးမှာမူ ဟင်္သာတ‌ ထောင်တွင်ပဲ ဆက်လက်ချုပ်နှောင်ခံထားရသည်ဟု သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here