ယခုမေလအတွင်း တောင်ကိုရီးယားသို့ ၅ကြိမ်မြောက် မြန်မာလုပ်သား များဆက်လက်ထွက်ခွာ

0
133

ယခုမေလအတွင်း တောင်ကိုရီးယားသို့ ၅ကြိမ်မြောက် မြန်မာလုပ်သား များဆက်လက်ထွက်ခွာ

ယခုမေလအတွက် ပဉ္စမအသုတ်အနေဖြင့် မြန်မာလုပ်သား၁၁၂ဦးသည် တောင်ကိုရီးယားသို့ ယနေ့ မေလ၃၁ရက်တွင် ရောက်ရှိလာကြသည်ဟု သိရသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာ ယနေ့တွင် Re-entry လုပ်သား(၆၃)ဦး၊ ကုန်ထုတ်လုပ်သား အဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၄၉)ဦး စုစုပေါင်း (၁၁၂)ဦး တို့ကို လက်ခံပေးခဲ့သည်ဟု သိရသည်။

ယခုလက်ခံမှုအပါအဝင် မေလအတွင်း မြန်မာလုပ်သား ၆၂၂ဦးကို တောင်ကိုရီးယားအစိုးရက တရားဝင်လုပ်သားများအဖြစ်လက်ခံခဲ့ပြီးဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့် မေလ၂၄ရက်က Re-entry လုပ်သား(၃၀)ဦး၊ ကုန်ထုတ်လုပ်သား လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၅၀)ဦး နှင့်စိုက်ပျိုး‌ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၅၀) ဦး စုစုပေါင်း (၁၃၀)ဦး၊မေလ ၁၇ရက်က Re-entry လုပ်သား(၂၃)ဦးနှင့် ကုန်ထုတ်လုပ်သား လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၉၄)ဦး စုစုပေါင်း (၁၁၇)ဦး ၊မေလ ၁၀ရက်နေ့က Re-entry လုပ်သား (၁၁၁)ဦးနှင့် ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၇)ဦး စုစုပေါင်း (၁၂၈)ဦး၊မေလ ၃ရက်နေ့က Re-entry လုပ်သား(၁၀၇)ဦးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၂၈)ဦး စုစုပေါင်း (၁၃၅)ဦး တို့ တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်လုပ်သားများအဖြစ် လာရောက်ခဲ့ကြသည်ဟုသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here