သရက်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အစည်းအဝေးတက်ရန်သွားရောက်စဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
62

သရက်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အစည်းအဝေးတက်ရန်သွားရောက်စဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

မကွေးတိုင်း၊သရက်မြို့နယ်၊တွင်းလယ်ကျေးရွာ အုပ်စု၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးဘိုမင်းသည် မေ ၃၁ ရက်(ယနေ့)နံနက် ၆ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ရပ်ကျေးအုပ်လျုပ်ရေးမှူးဦးဘိုမင်းသည် အစည်း အဝေးတက်ရောက်ရန် သရက်မြို့သို့သွားရောက်စဥ် လမ်း၌အမည်မသိအမျိုးသားများက သေ နတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဦးဘိုမင်းက တွင်းလယ်ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးပါ ဒီနေ့သရက်မြို့က ထွေအုပ်ရုံးကို အစည်းအဝေးတက်ဖို့ထွက်လာတုန်း လမ်းမှာပဲပစ်သတ်ခံလိုက်ရတာ”ဟုဒေသခံတစ်ဦးကပြော သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးဘိုမင်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် လူနာတင်ကားဖြင့်တင်ဆောင်သွားခဲ့သည်ဟု သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ အခင်းဖြစ်နေရာနှင့်တွင်းလယ်ကျေးရွာ၊သရက်မြို့တို့၌ စစ်ဆေးမှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here