ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ(၉၀)ကျော် အား မြန်မာသံရုံးအကြောင်းပြန်ထား ၊လုပ်သား ၂၇၀ကျော်ခေါ်ယူမည်ဟုသိရ

0
407

ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ(၉၀)ကျော် အား မြန်မာသံရုံးအကြောင်းပြန်ထား ၊လုပ်သား ၂၇၀ကျော်ခေါ်ယူမည်ဟုသိရ

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် ဂျပန်နိုင်ငံ၏ အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များအပေါ် စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများအား စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိနေသည်ဟုသိရသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၂ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ မေလ (၃၁) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၉၄)ခုရှိသည်ဟု မြန်မာသံရုံး၊ တိုကျိုမြို့
က ယနေ့ မေလ ၃၁ ရက်တွင် ထုတ်ပြန်သည်။

အလုပ်ကမ်းလှမ်းစာပါအချက်အလက်များအရ မြန်မာ၂၇၀ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူမည်ဟုသိရသည်။

မြန်မာကုမ္ပဏီ ၂၀ထက်မနည်းက အဆိုပါ မြန်မာများအား ဂျပန်သို့ စေလွှတ်မည်ဟုလည်းသိရှိရသည်။

 

 

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here