ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတင်ကျောင်းအပ်လက်ခံ

0
116

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတင်ကျောင်းအပ်လက်ခံ

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များစာပေသင်ကြားနိုင်ရန် စာသင် ကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချပေးလျက်ရှိသည်။

ရွှေ့ပြောင်းမြန်မာကလေးများစာသင်ကျောင်း (ULC)နှင့်ရွှေ့ပြောင်းမြန်မာကလေးများအတွက် အက်ဒမန်သင်ကြားရေးစင်တာ(ACME)တို့အား ဖွင့်လှစ်၍သင်ကြားပေးလျက်ရှိခြင်းဖြစ်သည်။

ထိုသို့ သင်ကြားပို့ချလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းအား မေ ၃၀ ရက်မှ ဇွန် ၁ ရက်အထိ ၃ ရက်တာ ကျောင်းအပ်လက်ခံခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းအား အဆိုပါ ၃ ရက်အ တွင်း နံနက် ၁၀ နာရီမှနေ့လည် ၃ နာရီအထိ လက် ခံဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ကြောင့် လာရောက်အပ်နှံသူများအနေဖြင့် မိ ဘ၊အုပ်ထိန်းသူ၏ ပတ်စပို့၊ပန်းရောင်ကတ်ပြား (သို့) ဝေါ့ပါမစ်၊ပြည်တွင်းမှပြောင်းရွှေ့လာသည့် ကျောင်းသား၊ကျောင်းသူအသစ်များ၏ ကျောင်းပြောင်းလက်မှတ်၊မွေးစာ ရင်းမူရင်း(သို့)မိတ္တူ၊ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးထိုးပြီးကြောင်း အ ထောက်အထားလက် မှတ်နှင့်မိဘအုပ်ထိန်းသူများ၏ ဖုန်းနံပါတ်၊ဖေ့စ်ဘုတ်၊လိုင်စသည့် လူမှုကွန်ယက်စာမျက်နှာများပါရှိရမည်ဖြစ်ကြောင်း FED မှသိရသည်။

ထိုသို့ လာရောက်ကျောင်းအပ်ရာတွင် နှာခေါင်းစည်း Mask များတပ်ဆင်လာရမည်ဖြစ်ကာ ကျောင်းများ၌ ကိုယ်ပူချိန်စစ်ဆေးမှုပြုလုပ်မည်ဟု FED မှသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here