နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၌ အစည်းအဝေးခန်းမ၌ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ

0
193

နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၌ အစည်းအဝေးခန်းမ၌ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ

ရှမ်းပြည်(မြောက်ပိုင်း)၊နောင်ချိုမြို့ရှိ မြို့နယ်ပ ညာရေးမှူးရုံး၏ နှစ်ထပ်ကျောင်းဆောင်အစည်း အဝေးခန်းမ၌ မေ ၃၁ ရက်မွန်းလွဲ ၂ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

မြို့နယ်ပညာရေးမှူးဒေါ်အေးသင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ဆရာ၊ဆရာမများသည် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယင်းနေ့ နံနက် ၁၀ နာရီမှမွန်းလွဲ ၁ နာရီခန့်အထိ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ အစည်းအဝေးပြုလုပ်ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများဖြန့်ဝေခြင်း၊လစာများ ထုတ်ပေးခြင်းများဆောင်ရွက်စဉ် အစည်းအဝေးခန်းမ၌ ထောင်ထားသည့်မိုင်းပေါက်ကွဲခဲ့သည်ဟု သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် အခြေခံပညာမူလတန်းလွန်ကျောင်း(မျက်ချင်းနုကျေးရွာ)၏ ကျောင်း အုပ်ဆရာမကြီးသည် ခါးအောက်ပိုင်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့ရှိ တပ်မ တော်ဆေးရုံ၌ ဆေးကုသမှုခံယူစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီး ၂ ဦးတွင် ခါးအောက်ပိုင်းမိုင်းစထိမှန်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး လက်ထောက်မြို့ နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ဆရာ၊ဆရာမ ၄ ဦးနှင့်အရပ်သားဝန်ထမ်း ၁ ဦးတို့တွင်လည်း(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြသဖြင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံ ယူနေရကြောင်း နစက မှထုတ်ပြန်ခဲ့သည်

နောင်ချိုမြို့နယ်အတွင်း၌ အခြေခံပညာကျောင်း ၁၈၇ ကျောင်းရှိကာ ဇွန် ၂ ရက်တွင်ကျောင်းများ စတင်ဖွင့်လှစ်နိုင်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အ စည်းများ၊ကျောင်းသား၊ဆရာ၊မိဘများမှ ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here