တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံမှုရက်သတ္တပတ်ခြောက်ရက်အတွင်း ကျောင်းအပ်နှံသူ ၅၂ သိန်းကျော်ရှိ

0
115

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံမှုရက်သတ္တပတ်ခြောက်ရက်အတွင်း ကျောင်းအပ်နှံသူ ၅၂ သိန်းကျော်ရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား မေ ၂၆ ရက်ကစတင်ခဲ့ရာ ကျောင်အပ်နှံမှုရက်သတ္တပတ်ခြောက်ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်း သူ ၅၂၆၄၉၄၆ ဦးရှိသည်ဟု သိရသည်။

အဆိုပါ ကျောင်းသား၊ကျောင်းသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ကိုယ်ပိုင်ကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ကျောင်းသား၊ကျောင်းသူများအား ပညာ ရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သည့် စာရေးကိရိယာများနှင့်ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်းထောက်ပံ့ပေးခဲ့ကြသည်။

“ကလေးတွေကိုဒီထက်ပိုပြီး ကျောင်းမနောက်ကြစေချင်တဲ့အတွက် ဒီနှစ်တော့ကျောင်းအပ်ဖြစ်အောင်အပ်တယ် မနှစ်ကကျောင်းဖွင့်တဲ့အချိန် ကျွန်တော့်သားကို ကျောင်းမထားဖြစ်ခဲ့လိုက်တဲ့အတွက် ဒီနှစ်ကျွန်တော်သားရဲ့သူငယ်ချင်းတွေကသူ့ထက်တစ်တန်းကြီးသွားတာပေါ့ ဒါ့ကြောင့် ဒီနှစ်ကစပြီးနှစ်တိုင်းကျောင်းပြန်တက်ခိုင်းတော့မယ်”ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

ထို့အတူ ကျောင်းလာအပ်နှံသည့် ကျောင်းသား၊ကျောင်းသူများ၊မိဘများ၊ကျောင်းအပ်လက်ခံသည့် ဆရာ၊ဆရာမများနှင့်ကျောင်းဝင်းများ လုံခြုံ ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များ၊ရပ်မိရပ်ဖများကလည်း ကူညီစောင့်ရှောက်ပေးခဲ့ကြသည်။

ကျောင်းအပ်လက်ခံရာတွင်လည်း ကျောင်းအုပ်ကြီးများ၊ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့်ဆ ရာ၊ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့်ကျောင်းသား၊ကျောင်း သူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရန် ဆောင်ရွက်ပေးကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here