အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်မယ်လို့ နစကဆို

0
193

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်မယ်လို့ နစကဆို

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တွေက ပြဌာန်းပြင်ဆင်ထားတဲ့ အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နိုင်ဖို့ နစကက စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မေလ၃၁ရက်နေ့က နေပြည်တော်မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂)မှာ အသိပေးခဲ့တာဖြစ်ပါတယ်။

“ ပညာရေးကဏ္ဍတွင် နိုင်ငံရေးရောထွေးမှုမရှိစေရန်”အတွက်ဖြစ်တယ်လို့ အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ ကပြောဆိုခဲ့တာတွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက္ကသိုလ်ပညာရေးမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားနိုင်သော်လည်း ပညာရေးနဲ့ နိုင်ငံရေးရောထွေး၍ မရပါဘူးလို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

“ နိုင်ငံရေးဆောင်ရွက်လိုပါက နိုင်ငံရေးနယ်ပယ်သို့ သွားရောက်ဆောင်ရွက်ကြရမည်”လို့ ပါ ပြောဆိုခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ ပညာရေးနဲ့ ပတ်သတ်ပြီး KG + 9 ပညာရေးစနစ်ကို မသင်မနေရအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒီစနစ်ဟာ ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့တဲ့ နှစ် ၃၀ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းမှာ ပြဌာန်းထားတာဖြစ်ပြီးတော့ KG + 9 သင်ယူပြီးစီးပါက KG + 10 + 11 + 12 မှတစ်ဆင့် အဆင့်မြင့်ပညာရေးသို့ လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ စက်မှုလက်မှု အထက်တန်းကျောင်းအပါအဝင် အသက်မွေးပညာသင်ကျောင်းများသို့ လည်းကောင်း ဆက်လက်တက်ရောက် သင်ကြားသွားနိုင်တဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here