၂၀၂၀ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး အမှုဖွင့် အရေးယူခံရသူ ၂၉၀၀ နီးပါးရှိဟု UECပြောကြား

0
152

၂၀၂၀ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး အမှုဖွင့် အရေးယူခံရသူ ၂၉၀၀ နီးပါးရှိဟု UECပြောကြား

ပြီးခဲ့တဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး အမှုဖွင့်အရေးယူထားမှုအခြေအနေအသေးစိတ်ကို ယနေ့ ဇွန်၁ရက်မှာကျင်းပတဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြောကြားခဲ့တာမှာ အမှုဖွင့်အရေးယူခံထားရသူ အရေအတွက်က ၂၈၉၆ဦးရှိနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူ ၄၇၉ ဦး၊ တရားစွဲဆိုပြီး အမှုတွဲအရေအတွက်က၇၉ မှု၊ယင်းအမှု ၇၉ မှုမှာ ကျူးလွန်သူက ၉၃ ဦး၊
ပြစ်ဒဏ်ချမှတ်ပြီးအမှုအရေအတွက်က ၄၇ မှု၊ပြစ်ဒဏ်ချမှတ်ရန်ကျန်၃၂ မှု ရှိတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

ဒီထဲမှာ နိုင်ငံတော်သမ္မတဟောင်း၊နိုင်ငံတော်အတိုင်ပင်ခံဟောင်း၊ပြည်ထောင်စုဝန်ကြီးဟောင်းဦးမင်းသူ အပါအဝင် တိုင်း၊ပြည်နယ်ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း၊ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေ စတာတွေပါတယ်လို့လည်း ထည့်သွင်းပြောဆိုသွားတာတွေ့ရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စနစ်တကျ ကြီးကြပ်ကွပ်ကဲရန်ပျက်ကွက်ခဲ့သူအရေအတွက်က၂၄၁၇ ဦးရှိပြီး၊ တရားစွဲဆိုပြီး အမှုတွဲအရေအတွက်က၃၇၃ မှု၊ကျူးလွန်သူ၂၁၆၉ ဦး၊ပြစ်ဒဏ်ချမှတ်ပြီး၃၆၄ မှု၊ပြစ်ဒဏ်ချမှတ်ရန်ကျန်၉ မှု ရှိတယ်လို့ပါ ဦးခင်မောင်ဦးကဆက်လက်ပြောကြားသွားခဲ့ပါတယ်။

နောက်ပြီး ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ အမှုပေါင်းက ၁၀၇၇ မှု၊ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူဆောင်ခဲ့တဲ့ အမှု၅၄၆ မှု၊တရားစွဲတင်ပြီးအမှု၃၄၅ မှု၊ပိတ်သိမ်းခဲ့တဲ့ အမှု၁၉၉ မှု၊ဥပဒေအကြံပြုချက်တောင်းခံဆဲ ၂မှု ရှိခဲ့တယ်လို့ ပါ ဦးခင်မောင်ဦးကပြောကြားပါတယ်။

လက်ရှိမှာတော့ အရေးပေါ်အခြေအနေပြဌာန်းချက်တွေပြီးစီးတာနဲ့ ဆက်လက် လုပ်ဆောင်ရမယ့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ရာ လိုအပ်တဲ့ မဲစာရင်းတွေပြုစုတာ၊ဥပဒေတွေကို သုံးသပ်ပြင်ဆင်တာ၊လိုအပ်တဲ့ ဝန်ထမ်းတွေ အင်အားဖြည့်တင်းတာ၊အရည်အသွေးမြှင့်သင်တန်းတွေပေးတာတွေ လုပ်နေတယ်လို့ ဦးခင်မောင်ဦးက ပြောဆိုခဲ့တာတွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here