ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းရှိ နေအိမ်အတွင်းဝင်ရောက် ဓားပြတိုက်ခဲ့သူ ၇ ဦးအား ဖမ်းဆီးရမိဟု နစက ထုတ်ပြန်

0
120

ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းရှိ နေအိမ်အတွင်းဝင်ရောက် ဓားပြတိုက်ခဲ့သူ ၇ ဦးအား ဖမ်းဆီးရမိဟု နစက ထုတ်ပြန်

ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတမ်းတောင်အနောက်ရပ်ကွက်၊ပန်းပင်ကြီးလမ်း၊အမှတ် ၂၀၊ ပထမထပ်ရှိ နေအိမ်တိုက်ခန်းအား မေ ၃၀ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်ဓားပြတိုက်ခဲ့သူ ၇ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဓားပြတိုက်သူများသည် နေအိမ်တိုက်ခန်းအတွင်း ကျန်းမာရေးမကောင်းသဖြင့် Wheel Chair ဖြင့်သွားနေရသည့် ဒေါ်ခင်ကြည်(၈၈)နှစ်နှင့်အိမ်အကူဒေါ်အေးစန်း(၅၀)နှစ်တို့သာရှိနေစဥ် ဝင်ရောက်လာပြီးနောက် ဒေါ်အေးစန်းအား ကြိုးဖြင့်တုတ်ကာ ဒေါ်ခင်ကြည်အား ဓားဖြင့်ထောက်၍ ၎င်းတို့ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း ၄ မျိုးနှင့်ဘီရိုအတွင်းထည့်ထားသည့် ငွေကျပ် ၅ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ကြည့်မြင်တိုင်မြို့မရဲစခန်းက အမှုဖွင့်ကာ လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် TOYOTA PROBOX (အဖြူရောင်)ကားအား စစ်ဆေးသိရှိခဲ့ရပြီး ဓားပြတိုက်ခံရသည့် နေအိမ်၌ဖွင့်လှစ်ထားသည့် “အောင်” Car Aircon Service လုပ်ငန်းတွင် အလုပ်လုပ်သူ ဒလမြို့နယ်နေ ချစ်နိုင်(ခ)ရာဂျူး(ခ)ကတုံးအား ယင်းနေ့ညနေပိုင်း၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ ဒလမြို့ နယ်၊ကမာကဆစ်ရပ်ကွက်၊ကျန်စစ်သား(၄)လမ်း၊အမှတ်(၂၉၉)နေ အောင်ကျော်ဆန်း(ခ)အန်ကူးပါး(ခ)အငူပါး၊သာကေတမြို့နယ်၊(၁၄)ရပ်ကွက်၊ သလ္လာဝတီ(၂)လမ်းနေ လင်းထက်ဇဏ်(ခ)နွားကြီး(၁၉)နှစ်၊စက်မြေရပ်ကွက်နေ ခန့်ဇင်လင်း(ခ) ကိုခန့်(၁၈)နှစ်နှင့်မှော်စက်ရပ်ကွက်နေ နိုင်နိုင်(ခ) နိုင်းနိုင်း(၂၀)နှစ်၊ဒလမြို့နယ်၊ကမာကဆစ် ရပ် ကွက်နေသူများဖြစ်သည့် ဟန်ဝင်းဇော်(၁၉)နှစ်နှင့်ဘိုဘိုမင်းသူ(ခ)ဘိုဘို(၁၉)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်မှဓားပြတိုက်ရာတွင်လုယက်ယူဆောင်သွားခဲ့သည့် ရွှေအလေးချိန် ၁ ကျပ်၉ ပဲ၇ ရွေး တန်ဖိုးငွေကျပ် ၂၈၇၇၀၀ဝ ကျပ်၊ ငွေ ၈၃၇၅၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့်နာရီ ၁ လုံးတို့အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here