မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသောမြန်မာနိုင်ငံသား ၃၁ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်

0
205

မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသောမြန်မာနိုင်ငံသား ၃၁ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ ရပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသောမြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ၎င်းတို့ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိနေရာ မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသောမြန်မာနိုင်ငံသား ၃၁ ဦးအား ဇွန်လ၁ရက်နေ့ကမြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်နိုင်ခဲ့သည်ဟုသိရသညိ။

အဆိုပါ၃၁ဦးသည် မလေးရှားနိုင်ငံ Langkap ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသားများဖြစ်ကြပြီး၄င်းတို့အား အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့် မေလ၂၆ရက်ကလည်း မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၃၉ ဦးအား မြန်မာနိုင်ငံသို့
ပြန်လည်ပို့‌ဆောင်ပေးခဲ့သေးသည်ဟုသိရသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း၊အကျဉ်းထောင်များသို့ ဆက်တိုက်သွားရောက်ကာ မြန်မာနိုင်ငံသားများနေရပ်ပြန်နိုင်ရေး၊အဆင်ပြေရေး ဆောင်ရွက်ပေးလျှက်ရှိနေသည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here