ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ကျောင်းသားအချို့ ပုဒ်မအသီးသီးဖြင့်အရေးယူခံထားရ

0
98

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ကျောင်းသားအချို့ ပုဒ်မအသီးသီးဖြင့်အရေးယူခံထားရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) အဖွဲ့ဝင်၊ ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင်အပါအဝင် ကျောင်းသား (၂) ဦးအား ခရိုင်တရားရုံးနှင့်မြို့နယ်ရဲစခန်းနှစ်ခုမှ ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါကျောင်းသားသမဂ္ဂအဖွဲ့၏ထုတ်ပြန်ချက်များအရသိရသည်။

ပုဒ်မအသီးသီးဖြင့်တရားစွဲဆိုခံထားရသူတို့သည် ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဒေါပုံဘောလုံးကွင်း၌ ရှိနေစဉ် ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ကျောင်းသားများဖြစ်သည်ဟုသိရသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရရတကသ)၏ အဖွဲ့ဝင်၊ ကော်မတီတာဝန်ခံဖြစ်သည့် ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ) အပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများဖြစ်ကြသော ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာ အဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာ အဝေးသင်) တို့ကို ခရိုင်တရားရုံး၌ ယမန်ယူပြီးအ ကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပဒေပုဒ်မ ၅ဝ(က)(ဈ)၊၅၁(ဂ)တို့နှင့် အင်းစိန်ထောင်တွင်ချုပ်နှောင်ထားပြီး သာကေတရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ဥပဒေပုဒ်မ ၆(၁),၃၀၇-၃၄,၃၃၂-၃၃ တို့ဖြင့် လက်ရှိတွင်စွဲဆိုထားကြောင်း ကျောင်းသားသမဂ္ဂမှသိရသည်။

ဒေါပုံရဲစခန်း၌ ပုဒ်မ ၂ ခုဖြင့်စွဲဆိုထားသော်လည်း မည်သည့်ပုဒ်မဟူ၍ မသိရသေးကြောင်းလည်း ကျောင်းသားသမဂ္ဂအဖွဲ့က ပြောဆိုထားသည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here