ပြည်တွင်းလေကြောင်းဖြင့်လိုက်ပါမည့်သူများကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက လေယာဥ်မထွက်ခွာမီ RDT ဖြင့်ရောဂါပိုးရှိ၊မရှိစစ်ဆေးရန် မလိုအပ်

0
192

ပြည်တွင်းလေကြောင်းဖြင့်လိုက်ပါမည့်သူများကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက လေယာဥ်မထွက်ခွာမီ RDT ဖြင့်ရောဂါပိုးရှိ၊မရှိစစ်ဆေးရန် မလိုအပ်

နစက ၏ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်တွင်းလေကြောင်းဖြင့် လိုက်ပါစီးနင်းမည့်ခရီးသည်များလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင် ရာသတ်မှတ်ချက်များအား ဇွန် ၁ ရက်က ထုတ် ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ခရီးသည်များသည် ပြည်တွင်းပျံသန်းသည့် လေ ကြောင်းလိုင်းများအသုံးပြုစီးနင်းရန် လေယာဉ်လက်မှတ်များအား ပြည်တွင်း Ticketing Agents များနှင့် Online တို့တွင်ထောက်ခံချက်မလိုဘဲ ပုံမှန်ဝယ်ယူကာ သက်ဆိုင်ရာလေကြောင်းခရီးစဥ်များအား ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များနှင့်အညီ လိုက်ပါနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ခရီးသည်များအနေဖြင့် သံသယဖြစ်ဖွယ် ဖျားခြင်း၊ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့အရ သာပျောက်ဆုံးခြင်း၊ပိုးတွေ့လူနာနှင့်နှစ်ပတ်အ တွင်း ထိတွေ့ခဲ့ခြင်းစသည့် ရောဂါလက္ခဏာနှင့်အ ခြေအနေများ ကင်းစင်မှသာ သတ်မှတ်ခရီးစဉ်၌ လိုက်ပါရမည်ဖြစ်သည်။

အလားတူ လိုက်ပါစီးနင်းမည့် ခရီးသည်များ သည် လွန်ခဲ့သည့် ၁၄ ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာနအသိအမှတ်ပြု ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူများဖြစ်ရမည်ဖြစ်ကာ အသက် ၁၂ နှစ်အောက်ကလေးများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးလက် မှတ်ပြသရန်မလိုအပ်ကြောင်း သိရသည်။

ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံထားသည့် ခ ရီးသည်များမှာ ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်အား Check-in ဝင်သည့်အချိန်၌ ပြသရမည်ဖြစ်ကာ အသက် ၆ နှစ်အောက် ကလေးများအား RDT ဖြင့်ဓာတ်ခွဲစစ်ဆေးခြင်းကို ကင်းလွတ်ခွင့်ပြုသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လေယာဉ်မထွက်ခွာမီ ဖြည့်စွက်ရမည့် ကိုယ်ရေးအချက်အလက်များ(ခရီးသည်၏ အ မည်၊နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊နေရပ်လိပ် စာ၊ဆက်သွယ်ရမည့် ဖုန်းနံပါတ်)တို့အား ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ လေယာဉ်လက်မှတ်ဝယ်ယူချိန်၊ Check-in ပြုလုပ်ချိန်နှင့်ခရီးဆုံးလေဆိပ်သို့ ရောက်ရှိချိန်များတွင် တာဝန်ရှိသူများအားတင်ပြရမည်ဖြစ်ပြီး Check-in ဝင်ချိန်၌ ဆိုက်ရောက်သည့်မြို့၌ တည်းခိုမည့်နေရာအား တိကျမှန်ကန် စွာ ဖြည့်စွက်ရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကျန်းမာရေးဆိုင်ရာ ကြေညာချက်စာရွက်အား မှန်ကန်ပြည့်စုံစွာဖြည့်စွက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူ လေယာဉ်ခရီးစဉ်အတွင်း နေမကောင်းဖြစ်ပါက လေယာဉ်မောင်မယ်များအား ချက်ချင်းသတင်းပေးပို့ကာ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

လေယာဉ်ဆိုက်ရောက်ရာမြို့၏ ဒေသန္တရဆိုင်ရာအမိန့်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ အစိုးရဆေးရုံသို့ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရန် သွားရောက်သူများအနေဖြင့် Check-in ဝင်ချိန်တွင် လေကြောင်းလိုင်းတာဝန်ရှိသူထံသို့ သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်မှ လက် မှတ်ထိုးထားသည့် ကျန်းမာရေးဆိုင်ရာ လွှဲ ပြောင်းခြင်းမှတ်တမ်း(Medical Referral Form) အားပြသရမည်ဖြစ်သည်။

ထို့အတူ လေယာဉ်ခရီးစဉ်ပြီးဆုံးချိန်၌ သံသယဖြစ်ဖွယ်ဖျားခြင်း၊ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့အရသာပျောက်ခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်ဆောင်ရွက်ကာ ခရီး သွားရာဇဝင်အား တိကျစွာသတင်းပို့ရမည်ဖြစ်ကာ ခရီးစဥ်အတွင်းလိုက်ပါခဲ့သည့် ခရီးသည် (သို့)လေယာဉ်ဝန်ထမ်းတွင် ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားပါက ကျန်းမာရေးဝန်ကြီးဌာန၏ သတ် မှတ်ချက်နှင့်အညီ အသွားအလာကန့်သတ်ခြင်းနှင့်ဓာတ်ခွဲစစ်ဆေးခြင်းများအား လိုက်နာဆောင် ရွက်ရမည်ဟု ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here