မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ကျောင်းတက်ရောက်သူ လေးသောင်းခွဲကျော်ရှိ

0
386

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ကျောင်းတက်ရောက်သူ လေးသောင်းခွဲကျော်ရှိ

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်၌ ဇွန် ၂ ရက်(ယနေ့)တွင် စတင်ဖွင့်လှစ်သင်ကြားသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းတက်ရောက်သူ ၄၅၂၂၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်း၌ ကျောင်းသား၊ကျောင်းသူ ၃၄၂၆၉ ဦး၊အလယ်တန်း၌ ၈၈၈၉ ဦးနှင့်အထက်တန်း၌ ၂၀၇၀ ဦး(စုစုပေါင်း ၄၅၂၂၈ ဦး)တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများက လိုက်လံကြည့်ရှုကာ လုံခြုံ ရေးအဖွဲ့ဝင်များမှလည်း ကျောင်းများ၊ကျောင်း သား၊ကျောင်းသူများ၏ လုံခြုံရေးအတွက် ပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ဆရာ၊ဆရာမများ၊ရပ်မိရပ်ဖများနှင့်ကျောင်းအကျိုးတော်ဆောင်များမှလည်း ကျောင်းသား၊ကျောင်းသူများအား နှာခေါင်းစည်း (Mask)များဝေပေးခဲ့ကြသည်။

Photo-ထွန်းထွန်းနိုင်(မော်ကျွန်း)


LEAVE A REPLY

Please enter your comment!
Please enter your name here