မြန်မာ MoU လုပ်သား ၂၉၉ ဦးအား ထိုင်းနိုင်ငံသို့ ယနေ့ထပ်မံစေလွှတ်

0
163

မြန်မာ MoU လုပ်သား ၂၉၉ ဦးအား ထိုင်းနိုင်ငံသို့ ယနေ့ထပ်မံစေလွှတ်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်မည့် မြန်မာ MoU အ လုပ်သမား ၂၉၉ ဦးအား ဇွန် ၂ ရက်(ယနေ့)တွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် (၂)မှတဆင့် ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ MoU အလုပ်သမားများအား “ယွန်းနဒီဦး” ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပ ဏီမှတဆင့် ထိုင်းနိုင်ငံ၊ဆူဖန်ဘူရီမြို့ရှိ ကြက် သားစက်ရုံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများဖြစ်ကြောင်း သိရသည်။

ယနေ့ ထပ်မံသွားရောက်သည့် မြန်မာ MoU အ လုပ်သမားများတွင် အမျိုးသား ၄၀ ဦးနှင့်အမျိုး သမီး ၂၅၉ ဦးတို့ဖြစ်ကာ ထိုင်းနိုင်ငံတာဝန်ရှိသူ များကကြိုဆို၍ ကျန်းမာရေးစစ်ဆေးမှုများပြု လုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ မြန်မာ MoU အလုပ်သမားများသည် မဲဆောက်မြို့မှတဆင့် ၎င်းတို့အလုပ်လုပ်ကိုင်မည့် ကြက်သားစက်ရုံသို့ ကြိုပို့ကားများဖြင့် ဆက် လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာ MoU အလုပ်သမားများအား မေလဒုတိယပတ်မှစတင်၍ ပြန်လည်စေလွှတ်မှုများပြုလုပ်ခဲ့သဖြင့် MoU အလုပ်သမား ၂၀၀၀ နီးပါးခန့် လုပ်ငန်းခွင်များ၌ဝင်ရောက်အလုပ်လုပ် ကိုင်နေပြီဖြစ်သည်။

Photo-မြဝတီ-မဲဆောက်မီဒီယာ


LEAVE A REPLY

Please enter your comment!
Please enter your name here