ဝါသီးနှံနှင့် ဝါဂွမ်းတို့အပေါ် တားမြစ်မိန့် ထုတ်ပြန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ပါက အရေးယူမည်

0
917

ဝါသီးနှံနှင့် ဝါဂွမ်းတို့အပေါ် တားမြစ်မိန့် ထုတ်ပြန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ပါက အရေးယူမည်

ဝါသီးနှံနှင့် ဝါဂွမ်းတို့အား အရေးကြီးကုန်စည်တစ်ခုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က)အရလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်စွဲပါ အမိန့်အမှတ် ၂၉/၂၀၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရလည်းကောင်း ကျင့်သုံးပြီး သတ်မှတ်ထုတ်ပြန်ထားသည်ဟုသိရသည်။

ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်သည့်အပြင် ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန်ပါ တားမြစ်ခဲ့သည်ဟု သိရသည်။

တားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း အသိပေးကြေညာထားသည်ကိုတွေ့ရသည်။

ယင်းအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှုတို့နှင့် စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာ ဦးစီးဌာနအား အခွင့်အာဏာ အပ်နှင်းထားကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here