မြန်မာ MoU အလုပ်သမား ၈၀ ဦး ကော့သောင်း- ရနောင်း ရေကြောင်းလမ်းမှထပ်မံသွားရောက်

0
178

မြန်မာ MoU အလုပ်သမား ၈၀ ဦး ကော့သောင်း- ရနောင်း ရေကြောင်းလမ်းမှထပ်မံသွားရောက်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်မည့် မြန်မာ MoU အ လုပ်သမား ၈၀ ဦးသည် ဇွန် ၂ ရက်က ကော့သောင်း-ရနောင်း ရေကြောင်းလမ်းမှတဆင့်ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သမား ၈၀ ဦးအား ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှ တာဝန်ယူစေလွှတ်ခြင်းဖြစ်ကာ ထိုင်းနိုင်ငံ၊ပထုန်ဌာနီမြို့ရှိ Food Blessing(1988)Co.,Ltd တွင် အလုပ်လုပ်ကိုင်မည့်သူများဖြစ်ကြောင်း သိရသည်။

မြန်မာ MoU အလုပ်သမားများမှာ အမျိုးသား ၄၈ ဦးနှင့်အမျိုးသမီး ၃၂ ဦး(စုစုပေါင်း ၈၀ ဦး)ဖြစ်ကာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက ရနောင်းမြို့၌ကြိုဆိုခဲ့ကြသည်။

မြန်မာ MoU အလုပ်သမားများအား ထိုင်းနိုင်ငံမှ မေ ၁၀ ရက်မှစတင်၍ လက်ခံလျက်ရှိရာ အလုပ် သမား ၂၀၀၀ ဦးခန့်အား တရားဝင်စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here