အင်ဒိုနီးရှားရှိ နွားများတွင် ခွာနာလျှာ​ရောဂါ ကူးစက်ပြန့်ပွား​နေ၍အမဲသားစားရန် ကြောက်ရွံ့​နေ

0
198

အင်ဒိုနီးရှားရှိ နွားများတွင် ခွာနာလျှာ​ရောဂါ ကူးစက်ပြန့်ပွား​နေ၍အမဲသားစားရန် ကြောက်ရွံ့​နေ

ဂျာကာတာ၊ ဇွန် ၃ ရက်

မေလအစောပိုင်းလောက်ထဲက နွားမွေးမြူရေးခြံများတွင်နွားများ ပုံမှန်မဟုတ်ဖြစ်​နေခဲ့သည်။

နွားများ အဖျားကြီး၊ နှာရည်ယို၊ အသက်ရှုနှုန်းမြန်၊ အစားနည်းလာပြီး တံတွေးတွေလည်း အမြှုပ်ထလာတယ် ဟုအရှေ့ဂျာဗား၊ ဂရက်စ်ခ်တွင် နေထိုင်သူ မစ္စတာ စီတီယာဝမ် က ပြောသည်။

ရက်အနည်းငယ်အတွင်းမှာပဲ အခြားနွားတွေမှာလည်း အဲဒီလို ပုံစံတူ ရောဂါလက္ခဏာတွေပြလာပြီး နွားရဲ့ခွာတွေမှာ အရည်ကြည်ဖုထတာနဲ့ ပြည်တည်တာတွေ ဖြစ်လာပါတယ်လို့ CNA သတင်းဌာနသို့စီတီယာဝမ်က​ပြောပြ သည် ။

မေလ ၅ ရက်နေ့တွင် ​မွေးမြူ​ရေးလုပ်ငန်းဌာန ​အေဂျင်စီမှ နွားခြံများကိုသွားရောက်စစ်ဆေးခဲ့ရာ နွားများ လျှာနာခွာနာ (FMD) ခံစားနေရကြောင်း ထုတ်ပြန်ခဲ့သည်။

မေလ ၉ ရက်နေ့ တွင် သမ္မတ ဂျိုကိုဝီဒိုဒို က ရောဂါပျံ့နှံ့ ခြင်းကို ကာကွယ်ဖို့အတွက်​ရောဂါလက္ခဏာပြ​နေ​သော နွားများကိုဒေသတွင်းထိမ်းသိမ်း​လော့​ဒေါင်းချထားရန်အမိန့်ပေးထားသည် ။

သို့​သော်ယခုခါ၌FMD သည် ပြည်နယ် ၃၄ ခုတွင် ၁၆ ပြည်နယ် အထိ ပျံ့နှံ့နေပြီး မေလ ၂၂ ရက်နေ့အထိ အနည်းဆုံး နွားအကောင်ရေ ၂၀,၇၂၃ ကောင်ကို ကူးစက်ခဲ့သည်။ ကူးစက်ခံနွားများကို သတ်ပစ်ရသည့်အတွက် ​တောင်သူလယ်သမား၊​မွေးမြူ​ရေးသမားများလည်း ဆုံးရူံးမူများ ရင်ဆိုင်နေရသည်။

၎င်း ခွာနာလျှာနာ ရောဂါ (FMD) သည် တိိရိစ္ဆာန်များတွင်အလွန် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သည်။ ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်ကဲ့သို့တိရစ္ဆာန်များတွင် ကူးစက်တတ်သည်။

ကူးစက်ခံရသည့် တိရစ္ဆာန်များသည် ပုံမှန်အားဖြင့် ခြေချောင်းကြား၊ ခြေဖနောင့်ကြား၊ နှုတ်ခမ်း၊ နို့ရည်ဂလင်း နဲ့ လျှာ တွင် အရည်ကြည်ဖုတွေ​ပေါ်လာပြီး အစာစားတာ၊ လမ်းလျှောက်တာနဲ့ မတ်တပ်ရပ်တာတွေပါ မလုပ်လာနိုင်တဲ့ အထိဖြစ်လာတတ်သည်ဟု WOAH ကပြောထားသည်။

ယေဘုယျအားဖြင့်ခွာနာလျှာနာ သည်လူသားများထံ အလွယ်တကူ ကူးစက်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ယခုနှစ်ဇူလိုင်လဆန်းတွင်ကျင်းပမည့် အစ္စလာမ်ပွဲ​တော် အိဒ် အတွက်ဆင်းရဲသားများကို အမဲသား​ဝေဖို့အတွက် နွားအလုံအ​လောက်မရှိနိုင်မှာကိုလည်း ပူပန်​နေကြရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here