ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအား UECက စစ်ဆေးမှုများပြုလုပ်

0
233

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအား UECက စစ်ဆေးမှုများပြုလုပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ် အခြေစိုက်ဖြစ်သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(Kayah State Democratic Party) ကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ စစ်ဆေးဆောင်ရွက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

စစ်ဆေးရေးအဖွဲ့တွင် ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များလည်းပါဝင်သည်ဟုသိရသည်။.

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော “ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်နေရာပါတီ ၉ ဝကျော်ရှိသည့်အနက် ၈၀ကျော်အား စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here