ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသည့် ကုမ္ပဏီများအား အရေးယူဆောင်ရွက်ရန် စီစစ်လျက်ရှိဟု ဗဟိုဘဏ်ထုတ်ပြန်

0
200

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသည့် ကုမ္ပဏီများအား အရေးယူဆောင်ရွက်ရန် စီစစ်လျက်ရှိဟု ဗဟိုဘဏ်ထုတ်ပြန်

ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသည့် ကုမ္ပဏီများအား အရေးယူရန် စိစစ်လျက်ရှိသည်ဟု ဗဟိုဘဏ်မှ ဇွန် ၃ ရက် ထုတ်ပြန်ကြေ ညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ကုမ္ပဏီ ၁၃၇ ခုအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်လျက်ရှိပြီး ယင်းကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲဝင်များအား အမည်မည်းစာရင်းထည့်သွင်းကြောင်း ရေးသားထားသည်။

ထို့ပြင် ပို့ကုန်တင်ပို့သူများသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်ခ ၃၈-ခ အရ ပို့ကုန်ရငွေအား သတ်မှတ်ကာလအတွင်း နိုင်ငံအတွင်းရှိ ၎င်း၏ ဘဏ်စာရင်းသို နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရမည်ဖြစ်ကာ ထည့်သွင်းခြင်းမရှိပါက ဥပဒေပုဒ်မ ၄၂-က အရတစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်(သို့)ငွေဒဏ်(သို့)ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

နိုင်ငံအတွင်းသို့ ပိုကုန်တင်ပိုမှုမှရငွေများအပြည့် အဝရရှိရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အ ပိုဒ် ၃၅ အရ ပို့ကုန်တင်ပို့သူသည် ကုန်စည်များအား သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း(၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၀ ရက်မှစ၍ သုံးလအတွင်း)၎င်း၏ ဘဏ်စာရင်းသို နိုင်ငံခြားငွေဖြင့် ဝင်ရောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုကြောင့် ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပိုကုန်လုပ်ငန်းကုမ္ပဏီများအား ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ဥပဒေရေးရာဝန်ကြီး ဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ဗဟိုဘဏ်၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် AD လိုင်စင်ရဘဏ်များမှ ဆက်သွယ်ခေါ်ယူစာရင်းရှင်းလင်းခြင်း(၂ နှစ်ကြာကာလအတွင်း)၊မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဆက်သွယ်ခေါ်ယူစာရင်းရှင်းလင်းခြင်း(ရက်ပေါင်း ၆၀)၊သတင်းစာများနှင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် စာရင်းရှင်းလင်းရန် ကြေညာခြင်း(ရက်ပေါင်း ၆၀)၊ စာရင်းရှင်းလင်းမှုမရှိသူများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပိုကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ပသက) ပိတ်သိမ်းခြင်း(ရက်ပေါင်း ၃၀)၊ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှ ဦးဆောင်၍ ပိုကုန်တင်ပိုသူများနှင့် အစည်းအဝေး (၅) ကြိမ်ပြုလုပ်၍ ရှင်းလင်း ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here