နစက ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(မိုင်းလား)မှ ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးကိစ္စများအတွက် ယနေ့တွေ့ဆုံဆွေးနွေး

0
79

နစက ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(မိုင်းလား)မှ ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးကိစ္စများအတွက် ယနေ့တွေ့ဆုံဆွေးနွေး

နစက ဥက္ကဋ္ဌနှင့်ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(မိုင်းလား)မှ ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦး ဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့ ဇွန် ၄ ရက် (ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ရင်း ရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်မှုအား တက်ရောက်ဆွေးနွေးရန် ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(မိုင်းလား)မှ ဒု- ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၃ ရက်နံနက်ပိုင်းက ရှမ်းပြည်(မြောက်ပိုင်း)၊ကျိုင်းတုံမြို့သို့ရောက်ရှိခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်။

ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာခြင်းအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာ ဝန်ရှိသူများ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊တိုင်းရင်းသူများ၊ငြိမ်းချမ်းရေးလိုလားသည့် ဒေသခံများက ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here