ပစိဖိတ်သမုဒ္ဒရာကို တစ်ကိုယ်‌တော်ရွက်လွှင့်သည့် ဂျပန်အဖိုးအို

0
74

ပစိဖိတ်သမုဒ္ဒရာကို တစ်ကိုယ်‌တော်ရွက်လွှင့်သည့် ဂျပန်အဖိုးအို

တိုကျို၊ဇွန် ၄

အသက် ၈၃ နှစ်အရွယ်ရှိဂျပန်အမျိုးသား ရွက်လှေစီးသမားတစ်ဦးသည် ဇွန်လ ၄ ရက် နံနက်အစောပိုင်းတွင် ဂျပန်နိုင်ငံသို့ ရွက်လွှင့်ပြီးပြန်ရောက်ရှိလာခဲ့သည်။၎င်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ကမ္ဘာ့အသက်အကြီးဆုံး တစ်ကိုယ်တော်ရွက်လွှင့်သည့် ရွက်လှေသမားတစ်ဦးဖြစ်လာခဲ့သည်။

မတ်လတွင် ဆန်ဖရန်စစ္စကိုရှိ ဆိပ်ကမ်းတစ်ခုမှစတင်ခဲ့သော မစ္စတာ Kenichi Horie ၏ တစ်ကိုယ်တော်ရွက်လွှင့်ခရီးကို နှစ်လတာသတ်မှတ်ခဲ့ပြီး ဂျပန်နိုင်ငံအနောက်ဘက်ရှိ Kii ရေလက်ကြားတွင် အဆုံးသတ်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အသက် ၂၃ နှစ်အရွယ်သာရှိသေးသော မစ္စတာ Kenichi Horie သည် ဂျပန်မှဆန်ဖရန်စစ္စကိုသို့ ပထမဆုံးတစ်ကိုယ်တော်ရွက်လွှင့်ပြီးနောက် ယခုတစ်ကြိမ်သည် အသက်ရှစ်ဆယ်​ကျော် ဂျပန်လူမျိုးတစ်ဦး၏ သမုဒ္ဒရာဖြတ်ကျော်တစ်ကိုယ်တော်ရွက်လွှင့်သည့်ခရီးဖြစ်သည်။

Horie ၏ စနေနေ့ ဂျပန်နိုင်ငံသို့အိမ်အပြန်ခရီးသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးနှင့် အနက်ရှိုင်းဆုံး သမုဒ္ဒရာကိုတစ်ကိုယ်တော် ဖြတ်ကျော်နိုင်ခဲ့သည့် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာစေသည်ဟု ပြည်သူ့ဆက်ဆံရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ရေစီးကြောင်းအနေအထားကြောင့်အချို့ရက်များတွင်ပင်ပန်းခက်ခဲစွာဖြတ်ကျော်ခဲ့ရသဖြင့်အတော်လည်းပင်ပမ်းခဲ့ပါတယ်ဟု Horie ကဆိုသည်။

၎င်း၏ ၁၉၆၂ ပစိဖိတ်ဖြတ်ကျော်မှုတွင်နိုင်ငံကူးလက်မှတ်မပါ‌သောကြောင့် အမေရိကန်သို့ တရားမဝင် မှောင်ခိုဝင်​ရောက်သည့်ပုံစံဖြစ်​နေခဲ့​သော​ကြောင့် ထိုအချိန်က အဖမ်းခံရမှာ စိုးရိမ်ခဲ့ရတယ်ဟုသူ၏ဘ​လော့ဂ်တွင် ​ရေးခဲ့ဖူးသည်။

သို့သော် ယခုတစ်ကြိမ်တွင်ပထမအကြိမ်နှင့်မတူပဲလူပေါင်းများစွာကလိုက်ပို့ကြကာ လမ်းကြောင်းပြဝါယာလက်စနစ်တွေနှင့်ပါ ဝိုင်းဝန်းအားဖြည့်ပေးခဲ့ကြသည့်အတွက်ကျေးဇူးတင်ဝမ်းမြောက်ကြောင်းလည်းရေးသားထားသည်။

သူ၏ ၁၉၆၂ ပစိဖိတ်ဖြတ်ကျော်ခြင်းအပြင် Horie သည် ၁၉၇၄ တွင် ကမ္ဘာတစ်ဝှမ်း တစ်ကိုယ်တော် ရွက်လွှင့်ခဲ့ပြီး ၁၉၇၈ မှ ၁၉၈၂ ခုနှစ်အတွင်း ၎င်း၏ကမ္ဘာတဝှမ်းသို့ ပင်လယ်ရေကြောင်းခရီးများဖြင့် ကျော်ကြားခဲ့သည်။

Source – AFP/ga

 


LEAVE A REPLY

Please enter your comment!
Please enter your name here