စင်ကာပူတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမူမြင့်နိုင်ဖွယ်ရှိ၍ကာကွယ်မှုများ ချက်ချင်းပြုလုပ်ရန် လိုအပ်နေ

0
139

စင်ကာပူတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမူမြင့်နိုင်ဖွယ်ရှိ၍ကာကွယ်မှုများ ချက်ချင်းပြုလုပ်ရန် လိုအပ်နေ

စင်ကာပူ၊ ဇွန် ၃ ရက်

အမျိုးသားပတ်ဝန်းကျင် အေဂျင်စီ (NEA)က ဇွန်လတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု စံချိန်တင်မြင့်တက်လာနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုများ ချက်ချင်း ပြုလုပ်ကြရန် ပြည်သူများအား နိူး​ဆော်ထားသည်။

စာရင်းများအရ အပတ်စဉ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာသောကြောင့် စင်ကာပူသည် လက်ရှိတွင် ပြင်းထန်သော သွေးလွန်တုပ်ကွေး အခြေအနေကို ရင်ဆိုင်နေရကြောင်း အန်အီးအေ က ဇွန်လ ၃ ရက် သောကြာနေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပွားနေသော အရေအတွက်သည် ၂၀၂၀ ခုနှစ်တွင် တွေ့ခဲ့ရသည့် အပတ်စဉ် အမြင့်ဆုံး ရောဂါဖြစ်ပွားနှုန်း ၁,၇၈၇ ခုကို ကျော်လွန်မည်ဖြစ်ကြောင်း NEA က ခန့်မှန်းထားသည်။

သွေးလွန်တုပ်ကွေး ရာသီ၏ အစသာရှိသေးတာကြောင့် ဇွန်လတွင် ရောဂါဖြစ်ပွားသူ အရေအတွက် ၂၀၀၀ ထက်ပင် ကျော်လာနိုင်ကြောင်း သိရသည်။

မေ ၂၂ ရက်မှ ၂၈ ရက်အထိ ရောဂါ တစ်ပတ်အတွင်း ကူးစက်သူပေါင်း ၁၅၆၉ ဦးရှိခဲ့သော်လည်း နောက်အပတ် ကြာသပတေးနေ့ ညနေ ၃ နာရီနောက်ပိုင်းတွင် ၉၈၅ ဦးအထိ ကျဆင်းသွားခဲ့သည်။

NEA ၏ စစ်ဆေးချက်များအရ ခြင်ပေါက်ဖွားရာနေရာအများစုမှာ လူနေထိုင်ရာ နေရာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တွေ့ရကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို မြင့်တက်စေသော အကြောင်းရင်းအချိုမှာ ​အေးဒီးစ် ခြင်အျား​ပေါက်ပွားမှု၊ သာမန်မဟုတ်သော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် serotype 3 (DENV-3) ပျံ့နှံမှု၊ ပူနွေး စိုစွတ်သောမိုးရာသီဥတုများ ကြောင့်ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here