မျောက်ကျောက်ရောဂါသံသယရှိပါကစစ်ဆေးရန် ဆရာဝန်များတိုက်တွန်း

0
118

မျောက်ကျောက်ရောဂါသံသယရှိပါကစစ်ဆေးရန် ဆရာဝန်များတိုက်တွန်း

ချီကာဂို၊ဇွန် ၄
အမေရိကန်ကျန်းမာရေးဌာန၏ တာဝန်ရှိသူများက မျောက်ကျောက်ရောဂါသံသယရှိပါက စစ်ဆေးရန် ဆရာဝန်များအားတိုက်တွန်းခဲ့သည်။ ယခုအခါမျောက်ကျောက်ရောဂါသည် လူထုအတွင်းပျံ့နှံ့ကူးစက်မှုများရှိလာသော်လည်း လူထုကျန်းမာရေး ခြိမ်းခြောက်မှုအနေနှင့်တော့နည်းပါးသေးကြောင်း ဇွန်လ ၃ ရက်နေ့ကပြောခဲ့သည်။

အမေရိကန်၏ပြည်နယ် ၁၁ ခုတွင် မျောက်ကျောက်အတည်ပြုလူနာ ၂၁ ဦးရှိကြောင်း ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ကုသရေးဌာန (CDC) မှ တာဝန်ရှိသူတစ်ဦးက မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ထို့ပြင် အာဖရိကပြင်ပနိုင်ငံများမှ မျောက်ကျောက်အတည်ပြုလူနာ ၇၀၀ ဦးခန့်ရှိကြောင်းသိရှိရသော်လည်း ယခုအချိန်ထိသေဆုံးမှုမရှိသေးကြောင်း CDC မှ ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့အနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ မျောက်ကျောက်မည်သို့စဖြစ်လာပုံအကြောင်းအရင်းနှင့် မည်သို့ကူးစက်ပျံ့နှံ့သည်ဟူသော အချက်ကိုလည်း စုံစမ်းရှာဖွေနေကြောင်းသိရှိရသည်။မျောက်‌ကျောက်ရောဂါသည် လူသားခြင်းကူးစက်နိုင်‌ခြေရှိကြောင်းလည်း ယူဆရသဖြင့် သံသယလက္ခဏာများရှိပါက စစ်ဆေးပေးရန်ဆရာဝန်များကိုတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

CDC ၏ထုတ်ပြန်ကြေညာချက်အရ မျောက်ကျောက်ရောဂါသည် အမျိုးသားချင်း လိင်ဆက်ဆံရာမှ ကူးစက်ခဲ့ခြင်းဖြစ်ပြီး အနာဖုလေးများကလည်း အထူးသဖြင့် လိင်အင်္ဂါအနားတစ်ဝိုက်တွင် ဖြစ်လေ့ရှိသည်ဟုဖော်ပြထားသည်။မျောက်ကျောက်သည် ဗိုင်းရပ်စ်ရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းနှင့် မျောက်ကျောက်အနာများနှင့်ထိတွေ့မိခြင်းမှ ကူးစက်တတ်ကြောင်းလည်း CDC ကအလေးပေးပြောကြားခဲ့သည်။

အမျိုးသားခြင်းလိင်ဆက်ဆံသူများအပြင် ‌မည်သူမဆိုမျောက်ကျောက်ဖြစ်နိုင်ပြီး အလွယ်တကူကူးစက်နိုင်၍လည်း မိမိတို့အနေဖြင့် အလေးထားစောင့်ကြည့်နေကြောင်း CDC ၏ရောဂါပိုးနှင့်ရောဂါဗေဒဌာန လက်ထောက်ညွှန်ကြားရေးမှူး Jennifer McQuiston ကဆိုခဲ့သည်။

ယခုလက်ရှိ အမေရိကန်၏မျောက်ကျောက်အတည်ပြုလူနာ အတော်များများသည်ပြန်လည်ကောင်းမွန်လာလျက်ရှိပြီး အချို့မှာအရှင်းပျောက်ကင်းသွားပြီဖြစ်သည်။မပျောက်သေးသောသူများကိုလည်း အခြားသူများနှင့်ထိတွေ့ဆက်ဆံမှုမရှိပဲနေရန် ညွှန်ကြားထားသည်ဟု သူမကဆိုသည်။

မျောက်ကျောက်ရောဂါကြောင့်ဖြစ်ပေါ်လာသော အနာများပျောက်ကင်းပြီး အနာဖေးများကွာကျကာ မူလအသားအရေပြန်ဖြစ်လာပါက အဆိုပါလူနာသည် ရောဂါပျောက်ကင်းပြီဟုယူဆရသည်ဟု သုမကထပ်လောင်းပြောကြားခဲ့သည်။

အစိုးရအနေဖြင့်လည်း ဗိုင်းရပ်စ်ပျံ့ပွားမှုထိန်းချုပ်နိုင်ရန်အတွက် အတည်ပြုလူနာများနှင့်အနီးကပ်ထိတွေ့ဆက်ဆံခဲ့ပြီး ကူးစက်နိုင်ချေရှိသူများအား ကာကွယ်ဆေးအပြည့်အဝထိုးနှံကာ ရောဂါထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေသိဟုသိရသည်။

ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုတွင် မျောက်ကျောက်ရောဂါသံသယရှိပါက စစ်ဆေးရန်အတွက် ရောဂါရှာဖွေစမ်းသပ်မှုပေါင်း ၁၂၀ ပြုလုပ်ထားပြီး အစိုးရတာဝန်ရှိသူများက တစ်နေ့လျှင် စစ်ဆေးမှုပေါင်း ၁၀၀၀ ကို လုပ်ဆောင်နိုင်သည်ဟုလည်းပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here