တမူးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအား ဓာတ်ဆီဖြင့်လောင်းကာမီးရှို့ဖျက်ဆီးခံရ

0
154

တမူးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအား ဓာတ်ဆီဖြင့်လောင်းကာမီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊တမူးမြို့၊စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအား အကြမ်းဖက်သမားများမှ ဇွန် ၄ ရက်မွန်းလွဲပိုင်းက ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်က မြို့နယ်ပညာရေးမှူးရုံးသို့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမှတဆင့် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးရောက်ရှိလာကာ ရုံးအစောင့်ဖြစ်သူဦးနေထူးအောင်အား ပစ္စတိုသေနတ်ဖြင့်ထောက်၍ ပညာ ရေးမှူးရုံးအဆောက်အဦးအား အသင့်ယူဆောင်လာသည့် ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီးမောင်းနှင်ထွက်ပြေးသွားခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသည့် မြို့နယ်ပညာရေးမှူးရုံးအား နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မြို့နယ်ပညာရေးမှူးရုံးအ တွင်းရှိ ရုံးခန်း ၂ ခန်းနှင့်ရုံးခန်းအတွင်းရှိ သင်ထောက်ကူပြုပစ္စည်းများ၊စာရွက်စာတမ်းများနှင့် ပရိဘောဂများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များမှ စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here