Air Asia လေ ကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက် ခရီးစဥ်အား ဇူလိုင်တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်

0
192

Air Asia လေ ကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက် ခရီးစဥ်အား ဇူလိုင်တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်

Air Asia လေကြောင်းလိုင်းသည် ၂၀၂၀ ပြည့်နှစ်၊မတ်လမှစတင်ကာ နိုင်ငံတကာခရီးစဥ်များပျံ သန်းပြေးဆွဲမှုများအား ရပ်နားထားခဲ့ပြီးနောက် ရန်ကုန်-ဘန်ကောက် ခရီးစဥ်အား ဇူလိုင် ၁ ရက်မှစတင်၍ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ခရီးသွားအေဂျင်စီများထံမှ သိရသည်။

ထိုသို့ ပြန်လည်ပျံသန်းပြေးဆွဲရာတွင် အပတ်စဥ် တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာနှင့်တနင်္ဂနွေနေ့များ၌ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဇူလိုင် ၁ ရက်နေ့မှာ ရန်ကုန်-ဘန်ကောက်ခရီးစဥ်ကိုပြန်လည်ပြေးဆွဲပေးသွားမှာပါ အခုလတ်တ လောကတော့ ရန်ကုန်-ကွာလာလမ်ပူခရီးစဥ်ကိုပြေးဆွဲပေးနေပါပြီ”ဟု ခရီးသွားအေဂျင်စီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် Air Asia လေကြောင်းလိုင်းမှ ရန်ကုန်-ကွာလာလမ်ပူခရီးစဥ်အား ဇွန် ၃ ရက်မှစတင်၍ ပထမဆုံးခရီးစဥ်အဖြစ် ပြန်လည်ပျံ သန်းပြေးဆွဲပေးလျက်ရှိသည်။

ထိုသို့ ပြန်လည်ပျံသန်းပြေးဆွဲရာတွင် တစ်ပတ်လျင် ၂ ကြိမ် အပတ်စဥ် တနင်္လာနေ့နှင့်သောကြာ နေ့တို့၌ ရန်ကုန်မှကွာလာလမ်ပူသို့ နံနက် ၈ နာရီ ၂၅ မိနစ်နှင့်မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်တို့တွင် တိုက်ရိုက်ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။

အလားတူ ကွာလာလမ်ပူမှရန်ကုန်သို့ နံနက် ၆ နာရီ ၄၅ မိနစ်နှင့် ၇ နာရီ ၅၅ မိနစ်တို့၌ တိုက်ရိုက်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here