ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
50

ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

ပဲခူးတိုင်း၊ဝေါမြို့နယ်၊ညောင်ခါးရှည်ကျေးရွာအ နီးတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ငွေကျပ်သိန်း ၅၉၁၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား ဇွန် ၃ ရက်နံနက် ၁၀ နာရီခွဲက ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ညောင်ခါးရှည်ကျေးရွာအနီးရှိ ဗျူဟာလမ်းဆုံပူးပေါင်းစစ် ဆေးရေးဂိတ်၌ မနန်းမြတ်ထွေး(၄၅)နှစ် မောင်းကာ ရန်နိုင်ကျော်(၃၀)နှစ်လိုက်ပါလာသည့် TOYOTA AVANZA ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်မှ ငွေကျပ် ၅၉၁၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေး ၃၉၄၀၀၀ ပြားအား ဖမ်း ဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here