ရက်ပိုင်းသာဖွင့်လှစ်ပြီး ပြန်ပိတ်ခဲ့သည့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်အား မနက်ဖြန်မှစ၍ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်

0
241

ရက်ပိုင်းသာဖွင့်လှစ်ပြီး ပြန်ပိတ်ခဲ့သည့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်အား မနက်ဖြန်မှစ၍ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်

ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်း-ရနောင်း နယ် စပ်ဝင်/ထွက်ဂိတ်အား ၂ နှစ်ကျော်ကြာပိတ်ထား ခဲ့ရာမှ ဇွန် ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ဖြတ် သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်၍ဖြတ်သန်းခွင့်ပြုရာ၌ Border Pass(နယ်စပ်ဖြတ်ကျော်ခွင့်)စာအုပ်ဖြင့် ကော့သောင်းမြို့ဘက်မှရနောင်းမြို့ဘက်သို့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြန်လည်ဖွင့်လှစ်ပေးကာဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဇွန် ၄ ရက်နံနက်မှစတင်ကာ နယ်စပ်ဝင်/ထွက်ဂိတ်အားပြန်ပိတ်၍ ဖြတ်သန်းခွင့်မပြုတော့ကြောင်း ကော့သောင်းမြို့ခံများထံမှ သိရသည်။

“ဘယ်ဘက်က ပိတ်လိုက်တာလည်းတော့မသိဘူး မနေ့မနက်ပိုင်းကစပြီး နယ်စပ်ဂိတ်ကိုဖြတ်မရတော့လို့ ရနောင်းဘက်ကိုသွားမရတော့ဘူး”ဟု ကော့သောင်းမြို့နေသူတစ်ဦးကပြောသည်။

ကော့သောင်း-ရနောင်းနယ်စပ်ဝင်/ထွက်ဂိတ်အား ပြန်ပိတ်ခဲ့ပြီးနောက် ဇွန် ၅ ရက်(ယနေ့)တွင် ယင်းနယ်စပ်ဂိတ်၌ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ခွင့်ပြုရာတွင် လိုက်နာရမည့် အချက်များအား ထုတ်ပြန်ကြေညာခဲ့ရာ၌ ဇွန် ၆ ရက်(မနက် ဖြန်)မှစတင်ကာ ပုံမှန်အတိုင်းပြန်လည်ဝင်/ထွက်ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ(BP / TBP)ဖြင့် ကော့သောင်း-ရနောင်း သွားလာခွင့်ပြုရာတွင် ဝင်/ထွက်သွားလာသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁ ရက် ရက်စွဲပါ ကျန်းမာရေးညွှန်ကြားချက် အသွားအလာကန့်သတ်မှုနှင့်ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အစီအစဥ်အတိုင်း ဆောင်ရွက်ရမည်ဟု အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here