သစ်တောဂေဟစနစ်နှင့်သယံဇာတထိန်းသိမ်းရေးအား ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာ ခိုင်နှုန်းပြည့်မီရန် ရည်မှန်းဆောင်ရွက်လျက်ရှိ

0
160

သစ်တောဂေဟစနစ်နှင့်သယံဇာတထိန်းသိမ်းရေးအား ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာ ခိုင်နှုန်းပြည့်မီရန် ရည်မှန်းဆောင်ရွက်လျက်ရှိ

နစက ဥက္ကဋ္ဌမှ ၂၀၂၂ ခုနှစ်၊ဇွန် ၅ ရက်(ယနေ့)တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံ့ဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်နေတာကြောင့် အခုအ ခါမှာ သဘာဝကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၈ ရာခိုင်နှုန်းကိုဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် သဘာဝနယ်မြေများဖွဲ့စည်းခြင်းအား နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်း ရည်မှန်းလုပ်ဆောင်ရာ တွင် ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖွဲ့စည်းထားနိုင်ခဲ့ပြီးဖြစ်၍ ရည်မှန်းချက်ပြည့်မီရန် ဆက်လက်ကြိုး စားကြရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

အလားတူ သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ခြင်းသည် နိုင်ငံအတွက်သာမက နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေတိုးတက်ရ ရှိရေးအား အထောက်အကူပြုသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်းမရှိပါက သဘာဝပတ် ဝန်းကျင်အား ဆိုးရွားစွာထိခိုက်ပျက်ဆီးစေနိုင်၍ သတိပြုရမည်ဟု ပြောသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြေပေါ်မြေအောက် သယံဇာတထုတ် ကုန်များအပေါ် မှီခိုသည့် စီးပွးရေးလုပ်ငန်းများအား လျှော့ချသွားရမည်ဟု နစက ဥက္ကဋ္ဌကပြော သည်။

“မြန်မာနိုင်ငံအနေနဲ့ ပြည်ပကိုသစ်အလုံးလိုက်တင်ပို့တာကိုရပ်ဆိုင်းခဲ့တယ် ၂၀၂၁ -၂၀၂၂ ဘ ဏ္ဍာနှစ်(Mini – Budget)နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွေမှာလည်း သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားတဲ့အပြင် ကျောက်စိမ်းတူးဖော်တာတွေကိုလည်း လုံးခင်း၊ဖားကန့်နဲ့မိုးညှင်းဒေသတွေမှာ ရပ် ဆိုင်းထားပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

အလားတူ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုး စီးပွားအတွက် သဘာဝသယံဇာတများအား ထုတ်ယူသုံးစွဲရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီထိန်းသိမ်း၍ ရေရှည်စဉ်ဆက်မပြတ်ထုတ်ယူသုံး စွဲသွားနိုင်ရန် အလေးထားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here