ဝန်ထမ်းများ နိုင်ငံတော်နှင့် ဌာနအပေါ် သစ္စာစောင့်သိကြရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မှာကြား

0
194

ဝန်ထမ်းများ နိုင်ငံတော်နှင့် ဌာနအပေါ် သစ္စာစောင့်သိကြရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မှာကြား

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် ဌာနအပေါ် သစ္စာ စောင့်သိကြရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်သည်။

ဇွန်လ ၅ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခမ်းမတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်နှင့် ဌာနအပေါ် သစ္စာ စောင့်သိကြဖို့ လိုအပ်ပါတယ်။ ပြီးရင် အချင်းချင်း စည်း လုံးညီညွှတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်” ဟု လူဝင်မှုကြီး ကြပ်ရေး ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ထမ်းများအား တိုက်တွန်းမှာကြားသည်။

ထို့အပြင် ပြည်သူများနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ကိုယ်ချင်းစာတရားဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်လည်း ဝန်ကြီးက မှာကြားခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ် ငန်း လုပ်ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံ့အကျိုးအတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်ပြီး စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းတိုင်းကဌာန၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ကျွမ်း ကျင်ပိုင်နိုင်ကြရန်လိုကြောင်း၊ တိုးတက်နေသောခေတ်စနစ်နှင့်အညီ ရင်ဘောင်တန်း လုပ်ဆောင်နိုင်ရေးအတွက် နည်းပညာနှင့် ဘာသာစကားကျွမ်းကျင်ရေးအတွက် အစဉ်လေ့လာသင်ယူကြရန်လည်းလိုကြောင်းလည်း ဝန်ထမ်းများကို မှာကြားခဲ့သည်။

မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် အဓိကကျသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄) မှတ်တမ်းများအား ကွန်ပျူတာဖြင့် ဖြည့်သွင်းကာ Online ဖြင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့သည့် လုပ်ငန်းစဉ်ကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဟုလည်း ပြောကြားခဲ့သည်။

နိုင်ငံအတွင်းသို့ ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် လူဝင်မှုကြီးကြပ်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ခေတ်မီနည်းပညာများဖြင့် စီမံခန့်ခွဲခြင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား ဇွန်လ ၅ ရက်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here