ကော့သောင်း ရနောင်းနယ်စပ်ဂိတ်ကို ယနေ့ ပြန်လည်ဖွင့်လှစ်

0
632

ကော့သောင်း ရနောင်းနယ်စပ်ဂိတ်ကို ယနေ့ ပြန်လည်ဖွင့်လှစ်

ကိုဗစ်ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် ပိတ်ထားခဲ့သော ကော့သောင်း ရနောင်း နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ (ယနေ့)တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံကူးသန်းသွားလာကြမည့် ပြည်သူများအနေ ဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားသည့် ကိုဗစ်၁၉ရောဂါထိန်းချုပ် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကူးသန်းသွားလာရမည်ဖြစ်သည်။ နယ်စပ်ဂိတ်မှတဆင့်ကူး သန်းသွားလာမှုတွင် ထိုင်းနိုင်ငံကူးလက်မှတ်( Pass Port) ကိုင်ဆောင်ထားသူများနှင့် တတိယ နိုင်ငံသားများအား ကူးသန်းသွားလာခွင့်မပြုသေးကြောင်းလည်းသိရသည်။

ရနောင်းမြို့သို့ ကူးသန်းသွားလာရာတွင် မြို့ခံပြည်သူများကူးသန်းရန် သတ်မှတ်ထား သည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP(Border Pass)နှင့် ဧည့်သည်များကူးသန်းရန် ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် TBP (Temporary Border Pass) နှစ်မျိုးလုံးဖြင့် ကူးသန်း သွားလာခွင့်ပြုမည်ဖြစ်သည်။

ကော့သောင်းမြို့သို့ လာရောက်လည်ပတ်မည့် ထိုင်းနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံ(ရနောင်းမြို့)မှ ပြန်လည်ဝင်ရောက်လာသူမြန်မာနိုင်ငံသားများအား ကျန်းမာရေးဝန်ကြီးဌာန၏ (၁.၅.၂၀၂၂)ရက်စွဲပါ ကျန်းမာရေးညွှန်ကြားချက်ဖြစ်သည့် အသွား အလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်အတိုင်းဆောင် ရွက်မှုကိုခံယူကြရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်း-ရနောင်း နယ် စပ်ဝင်/ထွက်ဂိတ်အား ၂ နှစ်ကျော်ကြာပိတ်ထား ခဲ့ရာမှ ဇွန် ၁ ရက်တွင် ပြန်လည်ဖြတ် သန်းခွင့်ပြုခဲ့ ပြီး ဇွန် ၄ ရက်နေ့တွင် နယ်စပ်ဝင်/ထွက်ဂိတ်အားပြန်ပိတ်ခဲ့သေးကြောင်း ကော့သောင်းမြို့ခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here