လောရန့်စ်ဝေါင်းအားဒု-ဝန်ကြီးချုပ်တာဝန် ​ပေးအပ်

0
98

လောရန့်စ်ဝေါင်းအားဒု-ဝန်ကြီးချုပ်တာဝန် ​ပေးအပ်

စင်္ကာပူ၊ ဇွန် ၆ ရက်

စင်္ကာပူနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး လောရန့်စ်ဝေါင်း အား ဇွန်လ ၁၃ ရက်နေ့မှစ၍ ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်း​ဆောင်​စေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီရှန့်လွန်းက ဇွန်လ ၆ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုသည် မစ္စတာဝေါင်း အား ပြည်သူ့လှုပ်ရှားမှု ပါတီ (ပီအေပီ) ၏စတုတ္ထမျိုးဆက် သို့မဟုတ် 4G အဖွဲ့၏ ခေါင်းဆောင်အဖြစ်သတ်မှတ်ခါ ​နောက်တက်မည့်ဝန်ကြီးချုပ်အဖြစ် ရာထားပြီးနောက် ၂ လအကြာတွင် တာဝန်များကို​လေ့ကျင့်​ပေးခြင်းဖြစ်သည်။

မစ္စတာ ဝေါင်းသည် ၂၀၁၉ မေ ၁ ရက်နေ့တွင် ဒု-ဝန်ကြီးချုပ်ဖြစ်လာသော မစ္စတာ ဟိန်ဆွီကိ့ဒ် နှင့်အတူ ယင်းရာထူးအား ပူးတွဲတာဝန်ထမ်း​ဆောင်ရမည်ဖြစ်သည်။

အသက် ၆၁နှစ်အရွယ် မစ္စတာ ဟိန်ဆွီကိ့ဒ်သည် ပြီးခဲ့သည့် ဧပြီလ၌ အသက်အရွယ်ကြောင့် 4Gအဖွဲ့ ခေါင်းဆောင်အဖြစ်မှအနားယူခဲ့သူ ဖြစ်သည်။

စင်္ကာပူ ၏ဝန်ကြီးချုပ်သစ်ဖြစ်လာမည့်အသက် ၄၉ နှစ်အရွယ် မစ္စတာဝေါင်းသည် ဝန်ကြီးချုပ် လီရှန်လွန်းခရီးလွန် ချိန်များတွင် စင်္ကာပူ၏ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း​ဆောင်ရမည် ဖြစ်သည်။

ထို့အပြင် မစ္စတာ ဝေါင်းသည် ဝန်ကြီးချုပ်ရုံးအတွင်းရှိ မဟာဗျူဟာအဖွဲ့ကိုပါ မစ္စတာ ဟိန်းထံမှ လွှဲပြောင်းတာဝန်ယူရမည် ဖြစ်သည်။

မစ္စတာဝေါင်းသည် ကိုဗစ်-၁၉ ဝန်ကြီးဌာနပေါင်းစုံ အလုပ်အဖွဲ့၏ ပူးတွဲဥက္ကဌအဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သော အရေးပေါ်ကြေညာချက်များ ထုတ်ပြန်ရာတွင်လည်း ဦးဆောင်ခဲ့သူဖြစ်သည်။

အဆိုပါ ရာထူးခန့်အပ်ခြင်း ထုတ်ပြန်ချက်အပြီးတွင် ဝန်ကြီးချုပ် မစ္စတာ လီက “မျိုးဆက်သစ် ဦးဆောင်မူ​တွေနဲ့ပုံ​ဖော်​နေပါပြီ၊ ဒီအရေးကြီးတဲ့ အကူးအ​​ပြောင်းကာလမှာ စင်ကာပူကို ကပ်ရောဂါကင်းကင်းနဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီကို အရောက်လှမ်းနိုင်ဖို့ အားလုံး အင်တိုက်အားတိုက် ပါဝင်ကြဖို့ တောင်းဆိုပါတယ်လို့” ဖေ့စ်ဘွတ်ခ် ပေါ်တွင် ​ရေးသားထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here