မြောက်ဥက္ကလာပမြို့နယ်၌ အမျိုးသား ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ တစ်ဦးသေဆုံး

0
121

မြောက်ဥက္ကလာပမြို့နယ်၌ အမျိုးသား ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ တစ်ဦးသေဆုံး

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊(က)ရပ် ကွက်တွင် ဇွန် ၆ ရက်ညနေ ၄ နာရီခွဲခန့်က အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်နေသူများထံမှ သိရသည်။

အဆိုပါ အမျိုးသား ၂ ဦးသည် (က)ရပ်ကွက်၊နွယ်သာကီ ၃ လမ်းရှိ နေအိမ်၌ရှိနေစဥ် အမည်မသိအ မျိုးသားများက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုမင်းသိန်း မှာကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့ကာ အမျိုးသားတစ်ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေး ရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ စုံစစ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပိတ်ဆို့ရှာဖွေမှုများလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ကန်သာယာလမ်းဆုံရှိ CCTV control Box မှာလည်း ဇွန် ၆ ရက်နံနက် ၅ နာရီခွဲခန့်၌ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် လုံခြုံ ရေးအဖွဲ့ဝင်များမှရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here