မင်းဘူးမြို့နယ်ကျောင်းသားများသမဂ္ဂ၏အလုပ် အမှုဆောင် ၂ ဦးထောင်ဒဏ် ၃ နှစ်စီအမိန့်ချခံရ

0
239

မင်းဘူးမြို့နယ်ကျောင်းသားများသမဂ္ဂ၏အလုပ် အမှုဆောင် ၂ ဦးထောင်ဒဏ် ၃ နှစ်စီအမိန့်ချခံရ

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်၏ မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ကျောင်းသား ၂ ဦး ဇွန် ၆ ရက်က ထောင်ဒဏ် ၃ နှစ်စီအမိန့်ချမှတ်ခံခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခံခဲ့ရသည့် ကျောင်းသား ၂ ဦးသည် ဗကသများအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုပိုင်ခွန်းသာနှင့်ကိုသူရသက်ဘုန်းသျှံ တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များမှ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခြင်းများပြုလုပ်၍ ဖမ်းဆီးခံရပြီး ၇ လခန့်အကြာ၌ ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်မှ သိရသည်။

ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ကိုပိုင်ခွန်းသာနှင့်ကိုသူရသက်ဘုန်းလျှံတို့အား တရားစွဲ ဆိုခဲ့သည့် ရာဇသတ်ကြီးပုဒ်မများနှင့်အမိန့်ချ မှတ်ခဲ့သည့် တရားရုံးတို့အား ရေးသားထုတ်ပြန်ခဲ့ခြင်းမရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here