ထားဝယ်ခရိုင် လောင်းလုံးတွင် အိမ်ရှင်ကို ဓားထောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွား၊ လက်ဝတ်ရတနာနှင့် ငွေအချို့ပါသွား

0
185

ထားဝယ်ခရိုင် လောင်းလုံးတွင် အိမ်ရှင်ကို ဓားထောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွား၊ လက်ဝတ်ရတနာနှင့် ငွေအချို့ပါသွား

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့တွင် ယနေ့နံနက်အစောပိုင်းက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထောက်ကာ ရွှေထည်နှင့် ငွေများ ဓားပြတိုက်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့ (ဃ) ရပ်ကွက်မှ နေအိမ်တစ်လုံးတွင် ယ နေ့ ဇွန်လ ၇ ရက် နံနက် ၃ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” မနက်အစောကြီး ၊ (၃) နာရီလောက်က အမျိုးသား (၂) ယောက် အိမ်ပေါ်တက်ပြီးတော့ အိမ်ရှင်မိန်းမရဲ့ လည် ပင်းကို ဓားနဲ့ထောက်ပြီး ပစ္စည်းတွေ တောင်းသွားတာ” ဟု အ ခင်းဖြစ် နေအိမ်အနီးအနားမှ မြို့ခံတစ်ဦးက ပြော သည်။

အဆိုပါ ဓားပြတိုက်ခံရမှုတွင် ရွေဆွဲကြိုးတွေ ၊ရွေလက် စွပ်အပါအဝင် လက်ဝတ်ရတနာတချို့နှင့် ငွေကျပ် (၂) သိန်း ယူဆောင်သွားကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် မေလ (၁၇)ရက် ၊မေလ (၂၄) ရက်နှင့် ဇွန်လ (၁) ရက်‌တို့တွင်လည်း ဈေးဆိုင် (၂) ဆိုင်နှင့် နေအိမ် တစ်လုံးတို့ကို သေနတ်ကိုင်ဆောင်ထား သူ များက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး လက်ဝတ် ရတနာနှင့် ငွေကြေးများ ယူဆောင်သွားခြင်း ခံထားရကြောင်းလည်း မြို့ခံများထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ ကျေး ရွာအချို့တွင် ဓားပြတိုက်ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ထားဝယ်မြို့ပေါ်တွင်လည်း ပြီးခဲ့သည့် (၂) ပတ်အတွင်းက နေအိမ်နှင့် ဈေးဆိုင်အချို့တွင် (၃)ကြိမ်ထက်မနည်း ဓားပြတိုက်ခံ ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ရေဖြူမြို့နယ်ရှိ ကျေးရွား တစ်ရွာတွင်လည်း ဇွန် လ အစောပိုင်းက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၁၀၀ ဝန်းကျင်နှင့် ဆိုင်ကယ်တစ်စီး ယူဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here