တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်အား စွဲဆိုထားသောအမှုဖြင့် ရုံးထုတ်စစ်ဆေးရန်ရှိနေ

0
179

တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်အား စွဲဆိုထားသောအမှုဖြင့် ရုံးထုတ်စစ်ဆေးရန်ရှိနေ

တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)ဖြင့်တရားစွဲဆိုထားရာ လာမည့် ဇွန် ၉ ရက်၌ရုံးထုတ်စစ်ဆေးရန် ရှိနေကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဒေါ်ရွက်နုအောင်အားစွဲဆိုထားသော အမှုနှင့်ပက်သက်သည့် စာရွက်စာတမ်းများကို ကူးယူခွင့် လျှောက်ထားသည့်အဆင့်တွင်သာရှိနေကြောင်းသိရသည်။

“ ဇွန် ၉ ရက်နေ့ စစစ်မယ်လို့ကြားတယ်။ အခုချိန်ထိတော့ အမှုနဲ့ ပက်သက်တဲ့စာရွက်စာတမ်းတွေ မိတ္တူကူးနေတဲ့ အဆင့်ပဲရှိသေးတယ်။ အဲ့ဒီနေ့ ရုံးထုတ်စစ်ဆေးဖြစ် မစစ်ဆေးဖြစ်လည်း မပြောနိုင်သေးဘူး” ဟု ဆိုသည်။

တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်အနေဖြင့် ပြီးခဲ့သော ဧပြီ ၂၇ ရက်၌ ဒေါက်တာဇော်မြင့်မောင်၏ အမှုရုံးချိန်းအတွက် မန္တလေးအိုးဘိုထောင်အတွင်း သွားရောက်စစ်ဆေးပြီးအပြန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်ရွက်နုအောင်သည် ဒေါက်တာဇော်မြင့်မောင်အမှုအတွက် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် ရရှိထားသူတစ်ဦးဖြစ်ပြီး၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နေပြည်တော် ပုဂ္ဂလိကမူကြိုကျောင်းတစ်ခု၌ သက်ငယ်လိင်ပိုင်းဆိုင်ရာစော်ကားခံရသူ ဗစ်တိုးရီးယားကလေးငယ်အမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သော နာမည်ကြီးရှေ့နေတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here