မြဝတီမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှစစ်ဘေးရှောင်အိမ်ထောင်စု ၃၀၀ ကျော်အတွက် ထောက်ပံ့ပစ္စည်းများအား ကြက်ခြေနီအသင်းမှပေးအပ်

0
218

မြဝတီမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှစစ်ဘေးရှောင်အိမ်ထောင်စု ၃၀၀ ကျော်အတွက် ထောက်ပံ့ပစ္စည်းများအား ကြက်ခြေနီအသင်းမှပေးအပ်

ကရင်ပြည်နယ်၊မြဝတီမြို့ရှိ ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင်နေရသည့် အိမ်ထောင်စု ၃၃၃ အတွက် ထောက်ပံ့ပစ္စည်းများအား ကရင်ပြည်နယ်ကြက် ခြေနီကြီးကြပ်မှုကော်မတီမှ ဇွန် ၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန၊မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန်များနှင့်လိုအပ်သောပစ္စည်းများအား ထောက်ပံ့ပေးခဲ့ကြခြင်းဖြစ်သည်။

ထောက်ပံ့ပစ္စည်းများရရှိခဲ့သည့် ဖလူးကြီး၊ဖလူးလေးနှင့်မဲ့ထော်သလေးကျေးရွာများမှ ရွာသူ၊ရွာသားများသည် လက်ရှိအချိန်၌ မင်းလက်ပံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိခိုလှုံနေကြကြောင်း သိရသည်။

အမိုး/အကာ/အခင်းအတွက်အသုံးပြုရန် တာ ပေါ်လင်စများ၊စောင်၊ခြင်ထောင်၊ဖျာ၊မီးဖိုချောင်သုံးပစ္စည်းများ၊အရေးပေါ်သုံးရေဘူး၊ရေပုံးနှင့်အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here