သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်အတွင်းမှ ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေး ၁၀ သိန်းပြား ဖမ်းမိ

0
212

သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်အတွင်းမှ ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေး ၁၀ သိန်းပြား ဖမ်းမိ

ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်သစ်ရပ်ကွက်၊ဘုရင့်နောင်(၁၀)လမ်းရှိ နေအိမ်တစ်လုံးအ တွင်းမှ ဇွန် ၂ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့နံနက် ၈ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဘုရင့်နောင်(၁၀)လမ်းနေ တင်ဝင်း ၏နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေး ၁၀ သိန်းပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ ယင်းနေ့မွန်းတည့် ၁၂ နာရီ၌ စိတ်ကြွဆေးပြားများပိုင်ရှင်ဖြစ်သည့် မနန်းခမ်းအောင်(ခ)မအေးခင် အားသင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊အောင်ဇေယျ(၈)လမ်းရှိနေ အိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here