အရှေ့ဒဂုံတွင် ဒလီပို့သူ လူငယ်တစ်ဦး အုပ်စုဖွဲ့ ရိုက်နှက်လုယက်ခြင်းခံရ

0
141

အရှေ့ဒဂုံတွင် ဒလီပို့သူ လူငယ်တစ်ဦး အုပ်စုဖွဲ့ ရိုက်နှက်လုယက်ခြင်းခံရ

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ဒလီပို့သူ လူငယ်တစ်ဦးအား လူ(၅)ဦးမှ အုပ်စုဖွဲ့ ရိုက်နှက်ကာ လုယက်မှုတစ်ခု ဇွန်လ (၆) ရက် မွန်းလွှဲပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဇွန်လ (၆) ရက် မွန်းလွှဲ (၂) နာရီ ဝန်းကျင်က ဒဂုံအရှေ့ပိုင်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက် ဗိုလ်စောနောင်လမ်း တွင် Touch Delivery Myanmar မှ ဒလီပို့သူ လူငယ်တစ်ဦးအား ရိုက်နှက် လုယက်သွားခြင်း ဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

“ဖြစ်သွားတဲ့အချိန်က နေ့လည် ၂ နာရီပတ်ဝန်းကျင်ပါ။ ရုံးကိုပစ္စည်းအကုန်ပို့ပြီး ပြန်လာတဲ့လမ်းမှာဖြစ်တာပါ။
နေ့လယ်ကြီး အလုခံရတာပါ။ လုံခြုံမှုမရှိတော့ပါဘူး။ရိုက်လုတဲ့သူက (၅) ယောက်လောက်ရှိတယ်” ဟု Touch Delivery Myanmar က ဖြစ်စဉ်နှင့် ပတ်သက်၍ အသိ ပေးပြောကြားသည်။

လုယက်သူများသည် စက်ဘီးဖြင့်သွားနေသည့် ဒလီပို့သူ လူငယ်၏ နောက်သို့ Light Truck ကားဖြင့် ရောက်ရှိလာပြီး ဦးခေါင်းကို စတင် ရိုက်နှက်ခဲ့ခြင်း ဖြစ်ပြီး လဲကျသွားသည့်အချိန်တွင် ဝိုင်းဝန်း ထိုးကြိတ်ကန်ကျောက်ကာ ငွေနှင့် ရုံးဘောင်ချာများထည့်ထားသည့် အိပ်ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရိုက်နှက်ခံရသည့် လူငယ်တွင် ဦးခေါင်း ထိခိုက်မိကာ အာရုံကြော ထိခိုက်မိခြင်း၊ ကျောနှင့် ရင်ဘတ်အောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here