ကိုဗစ်(၁၉)ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် အကယ်ဒမီပေးပွဲအား ၂ နှစ်စာပေါင်း၍ကျင်းပမည်

0
147

ကိုဗစ်(၁၉)ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် အကယ်ဒမီပေးပွဲအား ၂ နှစ်စာပေါင်း၍ကျင်းပမည်

ကိုဗစ်(၁၉)ရောဂါကြောင့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကယ်ဒမီပေးပွဲတို့အား ကျင်းပနိုင်ခဲ့ခြင်းမရှိသဖြင့် လာမည့်ပွင့်လင်းရာသီ၌ ၂ နှစ်စာပေါင်း၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အကယ်ဒမီပေးပွဲအား ၂၀၁၈ ခုနှစ်အထိ နှစ်စဥ်ကျင်းပပေးခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးပွဲအား ၂၀၂၀ ပြည့်နှစ်၊မတ်လ၌ကျင်းပရန်စီစဥ်ထားခဲ့ရာမှ ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ကျင်းပမည့်ရက်အား ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့သည်။

ထို့နောက် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုလျော့နည်းခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ဧပြီလကုန်ပိုင်း၌ အ ကယ်ဒမီပေးပွဲအား မေ(သို့)ဇွန်လတို့တွင် ကျင်းပရန် ပြန်လည်စီစဥ်ခဲ့သော်လည်း ကိုဗစ်(၁၉)ရော ဂါ ဒုတိယလှိုင်းဖြစ်ပွားလာသဖြင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၀ ပြည့်နှစ်အတွက် အကယ်ဒမီပေးပွဲအားလည်း ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကား ၉၈ ကားအား အကဲဖြတ်ကြည့်ရှုမှုများပြုလုပ်၍ ရမှတ်များအားပြုစုကာ ချိတ်ပိတ်သိမ်းဆည်းထားပြီး ၂၀၂၀ ပြည့်နှစ်အတွက် ဇာတ်ကား ၁၀၀ ကျော်အား အကဲဖြတ်ကြည့်ရှုမှုများလုပ်ဆောင်လျက်ရှိသည်။

ယခု ကျင်းပရန်စီစဥ်လျက်ရှိသည့် အကယ်ဒမီဆု ပေးပွဲအား ပွင့်လင်းရာသီ၌ ကျင်းပရန်လျာထားကာ ရက်အတိအကျအား အတည်ပြုရသေးခြင်းမရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here