ဝက်လက်မြို့နယ်၌ ကျောင်းအုပ်ဆရာမ ၁ ဦးနှင့်ညီမဖြစ်သူတို့ သေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

0
180

ဝက်လက်မြို့နယ်၌ ကျောင်းအုပ်ဆရာမ ၁ ဦးနှင့်ညီမဖြစ်သူတို့ သေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ဘိုတဲကျေးရွာ ၏ အလယ်တန်းကျောင်း(ခွဲ)မှကျောင်းအုပ်ဆရာ မကြီးနှင့်ညီမဖြစ်သူတို့သည် ဇွန် ၆ ရက်ည ၆ နာရီ ၅၅ မိနစ်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဘိုတဲကျေးရွာ၏ အလယ်တန်းကျောင်း(ခွဲ)မှကျောင်းအုပ်ဆရာမဒေါ်မိုးမိုးခိုင်နှင့်၎င်း၏ညီမဖြစ်သူ ဒေါ်ကေဇာခိုင်တို့သည် နေအိမ်၌ရှိနေစဥ် အမည်မသိအမျိုးသားများ ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျောင်းအုပ်ဆရာမနှင့်ညီမဖြစ်သူတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

အလားတူ ဥသျှစ်ကြီးကျေးရွာနေ ဆားတောင် အ.ထ.က ကျောင်း၏စာရေးဖြစ်သူ ဒေါ်နိုင်နိုင်မော်အား ဇွန် ၆ ရက်ည ၆ နာရီခွဲခန့်တွင် အမည်မသိအမျိုးသားများက နေအိမ်မှတဆင့် ကျေးရွာတောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့ပြင် နံနက် ၉ နာရီခွဲခန့်တွင်လည်း ဟုမ္မလင်းမြို့ နယ်၊နောင်ပိုအောင်ကျေးရွာ၊နောင်ပါခါးရပ်ကွက်ရှိ မူလွန်ကျောင်းတွင် လက်လုပ်မိုင်းများထောင် ထားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာ ကျောင်းဝန်းတံခါးအနီးကျောပိုးအိပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးနှင့်ကျောင်းဆောင်အောက်ခြေလှေကားအနီးမှ လက် လုပ်မိုင်းတစ်လုံးတို့အားတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြု လုပ်နိုင်ခဲ့သည်။

ထို့အတူ မုံရွာမြို့နယ်၊ပြည်တော်သာရပ်ကွက်ရှိ အ.လ.က ကျောင်းအနီးတွင် နံနက် ၁၀ နာရီခန့်က လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှင့်အ ဆောက်အဦးထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်


LEAVE A REPLY

Please enter your comment!
Please enter your name here