ကလေးညစ်ညမ်းစာပေဖြန့်ဝေမှုဖြင့် ဗြိတိန် လူမျိုးတစ်ဦးအား နိုင်ငံဖြတ်​ကျော်ဖမ်းဝရမ်းဖြင့် ထိုင်းတွင်ဖမ်းဆီးမိ

0
175

ကလေးညစ်ညမ်းစာပေဖြန့်ဝေမှုဖြင့် ဗြိတိန် လူမျိုးတစ်ဦးအား နိုင်ငံဖြတ်​ကျော်ဖမ်းဝရမ်းဖြင့် ထိုင်းတွင်ဖမ်းဆီးမိ

ဗြိတိန်နိုင်ငံမှ တရားခံလွှဲ​ပြောင်း​ရေးအတွက် အလိုရှိ​နေ​သော အသက် ၄၅ နှစ်အရွယ်ရှိ ဝီလီယံဆိုသူ ဗြိတိန်အမျိုးသားတစ်ဦးအားမနေ့ကထိုင်းနိုင်ငံ Bang Lamung တွင် နိုင်ငံဖြတ်ကျော်ဖမ်းဝရမ်းဖြင့်ဖမ်းဆီးခဲ့​ကြောင်း ထိုင်းမူခင်းနှိမ်နင်း​ရေးဌာနခွဲမှ​ပြောသည်။

၎င်းသည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြားကာလများတွင်လည်း ကလေးညစ်ညမ်းစာပေ ဖန်တီးခြင်း၊လက်ဝယ်ထားရှိခြင်းနှင့်ဖြန့်ဖြူးခြင်း စွဲဆိုချက်များဖြင့် ဗြိတိန်ရှိ စကော့တလန်ယာ့ဒ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရဖူးသည်။

သို့သော် ထိုအချိန်ကတရားစီရင်ရေးလုပ်ထုံးလုပ်နည်းအရ ၎င်းသည်အာမခံဖြင့်လွတ်မြောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်လာသည်မှာ ၈ နှစ်ကျော်ရှိပြီဖြစ်သည်။

ဗြိတိန် အမျိုးသားမှုခင်းအေဂျင်စီ၏ တောင်းဆိုချက်အရ ဗဟိုစစ်ဆေးရေးဗျူရိုမှ စုံစမ်းစစ်ဆေးသူများက ၎င်းသည် ချွန်ဘူရီတွင်နေထိုင်ကြောင်း တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ရာဇဝတ်တရားရုံး၏ မတ်လ (၂၃) ရက်နေ့က တရားခံ လွှဲပြောင်းဖမ်းဝရမ်းအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ထို့ပြင် အဆိုပါအမျိုးသားသည် ဗီဇာသက်တမ်းလည်း ကျော်လွန်နေထိုင်ခဲ့သူဖြစ်​နေသည်။ဥပ​ဒေ​ကြောင်းအရ ​ဆောင်ရွက်စရာရှိသည်များလုပ်​ဆောင် ပြီးပါက တရားခံအား ဗြိတိန်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်​ကြောင်း ရဲမူးကြီး ဘွန်လူးက ​ပြောသည်။

Source – Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here