ဆိပ်ကြီးခနောင်တိုတံတားတည်ဆောက်မှု ၁၈ ရာ ခိုင်နှုန်းပြီးစီးကာ စီမံကိန်း၏ ဒလမြို့နယ်ဘက်၌ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ အလုံးစုံပြီးစီးပြီဖြစ်

0
475

ဆိပ်ကြီးခနောင်တိုတံတားတည်ဆောက်မှု ၁၈ ရာ ခိုင်နှုန်းပြီးစီးကာ စီမံကိန်း၏ ဒလမြို့နယ်ဘက်၌ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ အလုံးစုံပြီးစီးပြီဖြစ်

ရန်ကုန်တိုင်းရှိ တွံတေးတူးမြောင်းအားဖြတ်သန်း ၍ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့်ဒလမြို့နယ်တို့အား ဆက်သွယ်တည်ဆောက်လျက်ရှိသည့် ဆိပ်ကြီးခနောင်တိုတံတားတည်ဆောက်မှုမှာ ၁၈ ရာခိုင်းနှုန်းပြီးစီးပြီဖြစ်ကာ စီမံကိန်း၏ ဒလမြို့နယ်ဘက်၌ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ အလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကြီးခနောင်တိုတံတားအား တံတားချဉ်းကပ်လမ်းအတွက် ငွေကျပ် ၂ ဘီလီယံနှင့်တံ တားတည်ဆောက်ရေးလုပ်ငန်းအတွက် ငွေကျပ် ၃၂ ဘီလီယံ(စုစုပေါင်းငွေကျပ် ၃၄ ဘီလီယံ)အ ကုန်အကျခံကာ တည်ဆောက်နေခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ဒလမြို့နယ်ဘက်၌ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်ကာ Pier(တိုင်) လုပ်ငန်းများနှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်ဘက်တွင် ဘိုးပိုင်တူးဖော်ခြင်းတို့အား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇင်ထွေး ထံမှသိရသည်။

“တံတားစပြီးတည်ဆောက်ထဲက ရေချိုပိုက်လိုင်း ထည့်သွင်းဖို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနကထည့်သွင်းစဉ်းစားခဲ့တယ် တံတားပေါ်ကနေဖြတ် သန်း ရေချိုပိုက်လိုင်းသွယ်ဖို့ Design တွက်ချက်ထားပြီးဖြစ်သလို YCDC ရေပေးဝေရေးဌာနကလည်း ထည့်သွင်းဆောင်ရွက်ဖို့ ညှိနှိုင်းလာတဲ့အ တွက် တံတားတည်ဆောက်ရာမှာ ဂျိုးဖြူရေ ချိုပိုက်လိုင်းကို ထည့်သွင်းသွားမှာပါ” ဟု တံတားတည်ဆောက်ရေးစီမံကိန်းတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇင်ထွေးကပြောသည်။

အဆိုပါ ဆိပ်ကြီးခနောင်တိုတံတားသည် အရှည် ၇၄၀ မီတာရှိကာ နှစ်လမ်းသွားသံမဏိသံပေါင်ခုံး(Neilsen Arch Bridge)ဖြစ်ပြီး ကားသွားလမ်းအကျယ် ၂၈ ပေနှင့်လူသွားလမ်းအကျယ်တစ် ဖက် ၁ ပေ ၆ လက်မစီပါဝင်မည်ဖြစ်သည်။

ထို့ပြင် ရေလမ်းကင်းလွတ်အမြင့် ၄၉ ပေ(၁၅ မီ တာ)နှင့်အကျယ် ၄၅၉ ပေ(၁၄၀ မီတာ)စီရှိကာ တံ တားခံနိုင်၀န်မှာ ကားတစ်စီးချင်း ၇၅ တန်ဖြစ် ကြောင်း သိရသည်။

အလားတူ တံတားအောက်ခံအုတ်မြစ်များအား သံကူကွန်ကရစ်ဘိုးပိုင်များဖြင့် တည်ဆောက်ထားကာ အပေါ်ထည်ပင်မတံတားမှာ သံမဏိသံပေါင်ခုံးတံတား(Neilsen Arch Bridge)နှင့် Steel Box Girder ဖြစ်၍ ချဉ်းကပ်တံတားများအား PC Girder များဖြင့် တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here