ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာလုပ်သား (၁၆၀) ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်

0
142

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာလုပ်သား (၁၆၀) ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်

ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်‌ေနစဉ် အ ကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ပြစ်ဒဏ် ကျခံနေရသည့် မြန်မာလုပ်သားများထဲမှ ၁၆၀ ကျော်ကို လွတ်ရက်စေ့သည့်အတွက် မြန်မာနိုင်ငံသို့ ပြန် လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သားများထဲတွင် ကလေး (၁၀) ဦးပါဝင်ပြီး ဇွန်လ ၇ ရက်မွန်းလွှဲပိုင်းတွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာဘက်သို့ ပြန် လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သ မား သံအရာရှိရုံးမှ သိရသည်။

ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာရွှေ့‌‌ပြောင်းလုပ်သား များထဲတွင် အမျိုးသား(၉၂)ဦး၊ အမျိုးသမီး(၆၇)ဦးနှင့် ကလေး (၁၀)ဦး စုစုပေါင်း (၁၆၉) ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ လှေများဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပို့ဆောင်ရာတွင် မြန်မာအလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊နယ်စပ် ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ လိုက်လံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ပုံသဏ္ဍန်အမျိုးမျိုးဖြင့် ဝင်ရောက်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ထိုင်းအဏာပိုင်များက စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိပြီး ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများထဲတွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူအများဆုံး ပါ ဝင်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ထိုင်းနိုင်ငံ၊ ဆုန်ခရာခရိုင်အတွင်း၌ ထိုင်းနိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာ‌ လုပ်သား ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here