မော်လမြိုင်မြို့တွင် အမျိုးသား ၁ ဦး ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
222

မော်လမြိုင်မြို့တွင် အမျိုးသား ၁ ဦး ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဥ်ဘေးဝင်ပေါက်အနီး၌ ကိုမျိုးမင်းထွဋ်သည် ဇွန် ၈ ရက်ညနေပိုင်းက ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ကိုမျိုးမင်းထွဋ်သည် ဆိုင်ကယ်စီးလာစဥ် အမည်မသိအမျိုးသားများက ဆိုင်ကယ်ဖြင့်မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုမျိုးမင်းထွဋ်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအ သင်းကားဖြင့် တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

“သေနတ်သံ ၅ ချက်လောက်တော့ကြားလိုက်တယ် ဥယာဥ်ဝင်ပေါက်ဘေးနားလေးက မိနစ်ပိုင်းလောက်ကြာတော့ ရဲတွေ စစ်သားတွေရောက်လာကြတယ် အဲကြမှလူတစ်ယောက်သေနတ်နဲ့ပစ်ခံရတယ်ဆိုတာကိုသိတာ”ဟုဒေသခံတစ်ဦးကပြော သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သွားသူများအား ဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသည့် ကားများ၊ဆိုင်ကယ်များနှင့်မြို့တွင်းလမ်းအချို့၌ တားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Photo  CJ


LEAVE A REPLY

Please enter your comment!
Please enter your name here