မော်လမြိုင်မြို့၌ WHO မှဝန်ထမ်းအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

0
184

မော်လမြိုင်မြို့၌ WHO မှဝန်ထမ်းအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း(WHO)မှဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုမျိုးမင်းထွဋ်သည် ဇွန် ၈ ရက်ညနေ ၅ နာရီကျော်ခန့် ကသေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု WHO Myanmar မှထုတ်ပြန်ခဲ့သည်။

WHO ဝန်ထမ်းကိုမျိုးမင်းထွဋ်သည် ရုံးမှ၎င်း၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် သံလွင်ဥယျာဥ်လမ်း၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၏ အသေးစိတ်အခြေအနေအား အတိအ ကျမသိရှိရသေးကြောင်း WHO Myanmar ၏ ထုတ်ပြန်ချက်၌ရေးသားထားသည်။

ကိုမျိုးမင်းထွဋ်သည် WHO ရုံး၌ ယာဥ်မောင်းအဖြစ် ၅ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု WHO Myanmar မှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here